ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ (၁၀၃)ကြိမ်မြောက် ဆန္ဒထုတ်ဖော်

By မင်းထက် (မဇ္စျိမ)
05 June 2023
ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ (၁၀၃)ကြိမ်မြောက် ဆန္ဒထုတ်ဖော်

ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဇွန်လ ၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီးသပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်းသိရသည်။

"ဖက်ဆစ်ဝါဒကိုဖြိုချ ပြည်သူ့အာဏာတည်ဆောက်ကြ အာဏာရှင်ကျရှုံးနေပြီ"စာသားပါ ဘန်နာအားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၁၀၃)ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟုသိရသည်။

#ဆန္ဒပြ

#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly