တီအန်နန်မင်ရင်ပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၃၄ နှစ်မြောက်အထိမ်းအမှတ်ပွဲများ ကမ္ဘာတစ်ဝန်းတွင် ကျင်းပ  

တီအန်နန်မင်ရင်ပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၃၄ နှစ်မြောက်အထိမ်းအမှတ်ပွဲများ ကမ္ဘာတစ်ဝန်းတွင် ကျင်းပ  

၁၉၈၉ခုနှစ် တီအန်နန်မင်ရင်ပြင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အထိမ်းအမှတ်အဖြစ် ကမ္ဘာတစ်ဝန်းတွင် ဆန္ဒပြသူများက ဇွန် ၄ရက်တွင်    ဆန္ဒပြခဲ့ကြသည်။ 

 တရုတ်အစိုးရ၏ ဒီမိုကရေစီလိုလားသူများကို ဖြိုခွင်းခဲ့မှုအတွင်းသေဆုံးခဲ့သူများကို ဂုဏ်ပြုသည့်အနေဖြင့် ချီတက်ပွဲများ၊ ဆုတောင်းပွဲများနှင့် ဆန္ဒပြပွဲများကို ဟောင်ကောင်မှ လန်ဒန်အထိ ကျင်းပခဲ့ကြသည်။ 

 သွေးထွက်သံယိုအဖြစ်မျ တီအန်နန်မင်ရင်ပြင် အကြမ်းဖက်ဖြိုးခွင်းမှု နှစ်ပတ်လည်နေ့ အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် လူပေါင်းသောင်းနှင့်ချီ စုဝေးလေ့ရှိခဲ့သည့် ဟောင်ကောင်ရှိ ပန်းခြံတစ်ခု အနီးအနားတွင် ဇွန်လ ၄ရက်က လုံခြုံရေးတိုးမြှင့်ချထားသဖြင့် ဝမ်းနည်းစရာ ၃၄ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဆန္ဒပြပွဲများ မပြုလုပ်နိုင်ခဲ့ပေ။  

 နှစ်ပတ်လည်အကြိုနေ့တွင် တက်ကြွလှုပ်ရှားသူများနှင့် အနုပညာရှင်များအပါအဝင် လူ ၈ ဦးကို နယ်မြေခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ယင်းလုပ်ရပ်က ဟောင်ကောင်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကျဆင်း လာကြောင်းကို ဖော်ပြနေသည်။ 

 ဟောင်ကောင်သားများသည် ဗစ်တိုးရီးယားပန်းခြံနှင့် အနီးအနားရှိ ကော့စ်ဝေး ပင်လယ်အော်တွင် ဆယ်စုနှစ် နှင့် ချီ စုဝေးခဲ့ကြပြီး၊ ဖယောင်းတိုင်မီးထွန်းပွဲများကျင်းပကာ ၁၉၈၉ခုနှစ်၊ ဇွန်လ ၄ ရက် အဖြစ်အပျက် အထိမ်းအမှတ်ပွဲများ မကြာခဏ ကျင်းပလေ့ရှိသည်။ 

 သို့သော် တရုတ်အစိုးရက ၂၀၁၉ခုနှစ်တွင် ကြီးမားသော လူထုဆန္ဒပြပွဲများ အပြီးတွင် ပြင်းထန်သော နိုင်ငံ တော်လုံခြုံရေးဥပဒေကို ပြဋ္ဌာန်းပြီးကတည်းက တက်ကြွလှုပ်ရှားသူ အများအပြားကို နှုတ်ဆိတ်စေခြင်းနှင့် ထောင်ချခြင်းများ ပြုလုပ်ခဲ့သည်။ 

 တရုတ်က ပိုင်ဆိုင်ကြောင်း တောင်းဆိုနေသည့် ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်တွင် အလုပ်သမားများသည် အထိမ်းအမှတ်အဖြစ် ဖယောင်းတိုင်မီးများထွန်းညှိကာ "ရှက်စရာကျောက်တိုင်" ပုံစံတူ အသေးစားတစ်ခုကို ဇွန် ၄ရက်တွင် ပြုလုပ်ခဲ့ကြသည်။ 

  “သမိုင်းနဲ့ မှတ်ဉာဏ်တွေကို အလွယ်တကူ ဖျောက်ဖျက်ပစ်လို့ရမှာ မဟုတ်ပါဘူး။” ဟု ထိုင်ဝမ်အခြေစိုက် အစိုးရမဟုတ်သည့်အဖွဲ့အစည်း Hong Kong Outlanders ၏ အထွေထွေအတွင်းရေးမှူး ဟောင်ကောင်သား စကိုင်းဖန်က ပြောကြားခဲ့သည်။ 

  

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင်လည်း တီအန်နန်မင်လူပေါင်း ၁၀ဝ ခန့် ချီတက်ဆန္ဒပြခဲ့ကြသည်။ 

ယင်းချီတက်ပွဲသို့ ဖာလန်ကုန်းအဖွဲ့ဝင်များ၊ ပြည်ပရောက် တက်ကြွလှုပ်ရှားသူများ၊ ထိုင်ဝမ်၊ တိဗက်နှင့် ဝီဂါ အသိုင်းအဝိုင်းမှ တက်ရောက်ခဲ့ကြသည်။ 

 တီအန်နန်မင် ဖြိုခွင်းမှုသည် တရုတ်ကွန်မြူနစ်ခေါင်းဆောင်ပိုင်းအတွက် အလွန်အကဲဆတ်သော အကြောင်း အရာ တစ်ခုဖြစ်ပြီး၊ အထိမ်းအမှတ်ပွဲများနှင့် ဂုဏ်ပြုပွဲများကို နိုင်ငံအနှံ့ တားမြစ်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly