နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၃ ဇွန်  ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၃ ဇွန်  ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ပြည်သူများ၏ ဒီမိုကရေစီဆန္ဒနှင့်အညီ ငြိမ်းချမ်းမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှုများဖြင့် နိုင်ငံတော်တစ်ရပ်ကို ပြန်လည်ထူထောင်နိုင်တော့မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်နိုလင်းဟေဇာတို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ မှာ ဇွန်လ ၃ ရက်နေ့က တွေ့ဆုံခဲ့ကြသည်။ 

  • CDM ဆင်များနှင့် ဆင်ဦးစီးဝန်ထမ်းများအတွက် လိုအပ်သည့် ဆေးဝါးများနှင့်စားနပ်ရိက္ခာများ ကို အမျိုး သားညီညွတ်ရေးအစိုးရ၊သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ကူညီထောက်ပံ့ ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းမပေါ်ရှိ မင်္ဂလာဒုံရဲစခန်းအား Special Nway Oo (SNO) အဖွဲ့က ဇွန်လ ၁ ရက် ည ၈နာရီ ၃၀မိနစ်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon UG Association (YUA)က ထုတ်ပြန်သည်။ 

  • ရန်ကုန်တိုင်း ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ မြို့မရဲစခန်းအား ဇွန်လ၂ ရက် ညနေ ၈ နာရီ ၄၅ မိနစ်တွင် မြို့ပြပြောက်ကျားအဖွဲ့က ၄၀ မမ ဗုံးသီး၊ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တိုက်ခိုက်မှု ပြုလုပ်သည့် Devil's Clan Urban Force အဖွဲ့ခေါင်းဆောင် Demon က မဇ္ဈိမကို ပြောသည်။ 

  • ရန်ကုန်တိုင်း PDF တပ်ရင်း ၅၁၀၁ တည်ထောင်သော ကြေညာချက်ကြောင့် စစ်ကောင်စီက ရန်ကုန်တစ်တိုင်းလုံးကို လုံခြုံရေးတပ်လှန့်ထားကြောင်း စစ်ဘက်သတင်းရင်းမြစ်ကို ကိုးကား၍ ရန်ကုန်ခေတ်သစ်သတင်းတွင်ဖော်ပြထားသည်။ 

  • ရန်ကုန်တွင် စစ်ကောင်စီနှင့် မင်းအောင်လှိုင်ကို စောက်ပေါဟု ပြောဆိုခဲ့သော အဆိုတော်ဗျူဟာကို စစ်တပ်က ဖမ်းဆီးလိုက်သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စောက်ပေါသာ ဖြစ်နေဆဲ ဆိုသောအဓိပ္ပာယ်ရှိသည့် စာသားကို ယနေ့ ချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားသည်။ 

  • မြန်မာပြည်သူများ၏ ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုများအပေါ် တရုတ်ကွန်မြူနစ်ပါတီ နှင့် တရုတ်နိုင်ငံ၏ အာဏာရှင်အစိုးရမှ ပြောင်ပြောင်တင်းတင်း လျစ်လျူရှုကာ အာဏာသိမ်း စစ်ကောင်စီနှင့် ၎င်းတို့၏ ထောက်ခံသူများအား ပံ့ပိုးနေခြင်းအပေါ် ကန့်ကွက်ကြောင်း တရုတ်ကောင်စစ်ဝန်ရုံးအနီးတွင် ဆန္ဒပြခဲ့သည်။ 

  • ကရင်နီပြည်နယ် နေရာအနှံ့အပြားတွင် ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှ စတင်ကာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက မေလဆန်းပိုင်းတွင် ထပ်မံအင်အားဖြည့်တင်းကာ တစ်‌ေကျာ့ပြန်စစ်ကြောင်းထိုးနေသဖြင့် လက်ရှိအချိန်အထိ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။ 

  • ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ပေါ် လမ်းမကြီးဘေးသို့ ယနေ့ ဇွန်လ ၃ ရက် နံနက် ၆ နာရီတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပွဲကုန်း ( ၂) ရပ်ကွက်တွင် နေထိုင်သူ ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံး သွားကြောင်း ဒေသခံများထံက သိရသည်။  

  • ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဇွန်လ ၂ ရက်နေ့၊ မွန်းလွဲပိုင်းအချိန်က စကြဝတေး မင်းကြီး သပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ် ခဲ့ကြောင်းသိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး ခဲ့ကြောင်း နတ်တောင်နဂါး ပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၃ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ညောင်ခြေထောက်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၄၀၀ ကျော် ပြာကျခဲ့ကြောင်း သိရသည်။ 

  • တန့်ဆည်မြို့နယ် ပင်မသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၃ ရက်နေ့တွင် " ဖိရင်ကြွ ထိရင်ချ နိုင်ငံသစ်ကို တည်ဆောက်ကြ'' စာတန်းကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင် မြောက်ခြမ်း သပိတ်အင်အားစုက ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်း ချီတက် သပိတ်မှောက် ကြကြောင်း သိရှိရသည်။ 

  • ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အလယ်တံခွန်တိုင်ရဲစခန်းနှင့် အကြမ်းဖက် စစ်သားများ တပ်စွဲထားသော မီးသတ်ရုံးတို့ကို Fixed Wings Drone ဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်းသိရသည်။ 

  • တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပိဒေါက်ငယ်ရွာရှိ အကြမ်းဖက် စစ်အုပ်စုပိုင် Mytel တာဝါတိုင်ကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သိန်းငှက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကံကျေးရွာရှိ ပျူသင်တန်းကို ရှော့တိုက်ဒုံး ၉ လုံးဖြင့် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်တန်းပေးနေသော ကျောင်းဆောင်အတွင်းကျရောက် ပေါက်ကွဲခဲ့ ကြောင်း Pakokku Special Guerilla Force – PSGF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  •  

တိုင်းရင်းသား လက်နက်ကိုင်များ 

  • KNU တပ်မဟာ ၅ နယ်မြေ၌ မေလတစ်လတာ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ အကြမ်း ဖက် စစ်တပ် ဘက်မှ တပ်ခွဲမှူးနှင့် ဒုခွဲမှူး အပါအဝင် ၁၂၂ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဥ်က ထုတ်ပြန်ထားသည်။ 

  • ရှမ်းပြည်နယ်နှင့်ကရင်နီပြည်နယ်အစပ် ဖယ်ခုံမြို့နယ်တွင် ၂ လကျော်ကြာ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၆၂ ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် ၃ ဦးကျဆုံးကြောင်း ဖယ်ခုံ PDF က သတင်းထုတ်ပြန်သည်။ 

  • ရှမ်းပြည်နယ်၊မိုင်းလားတွင် တရုတ်သံတမန်၏ညှိနှိုင်းပေးမှုဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်း ညီနောင် မဟာ မိတ် သုံးဖွဲ့တို့အကြား ဆွေးနွေးပွဲသည် ဒုတိယနေ့တွင် နိုင်ငံရေး သဘောတူ ညီချက်မရဘဲ ရပ်နားလိုက်ရ ကြောင်းဆွေးနွေးပွဲ တက်ရောက်နေသော ကိုယ်စား လှယ်တချို့၏ ပြောဆိုချက်ကို ကိုးကား၍ ရန်ကုန် ခေတ်သစ်သတင်းတွင် ဖော်ပြထားသည်။ 

စစ်ကောင်စီ 

  • စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့တို့ နှစ်ဖက်အဆင်ပြေသည့်အချိန်တွင် ပြန်လည်တွေ့ဆုံကြဦးမည်ဖြစ်ကြောင်း စစ်ကောင်စီမှ ထုတ်ပြန်သည်။ 

  • KBZ Pay အကောင့်များကို အကြောင်းအရင်းမရှိဘဲ ပိတ်ပင်ခြင်းမရှိကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က ပြောဆိုလိုက်သည်။ 

  • အခက်အခဲနှင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နှံမှု နောက်ကျသူများကို ကျောင်းလာ ရောက်အပ်နှံ လျှင် ဇွန်လကုန်အထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီ ပညာရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ညွန့်ဖေက ပြောသည်။ 

  • ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဆောက်လုပ်ရေးဧည့်ရိပ်သာတွင် အကြမ်းဖက်စစ်ကောင်စီ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဝင်းဖေ နှင့် Sky Net ပိုင်ရှင်လည်းဖြစ် မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများ အသင်းချုပ် ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် ရခိုင်ပြည်နယ် လိုင်စင်ရ ကန်ထရိုက် တာများအသင်းက တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့တို့ ဇွန် ၁ ရက် ညနေပိုင်းက တွေ့ဆုံခဲ့ကြကြောင်း Sky Net သတင်းများတွင် ဖော်ပြထား သည်။ 

  • ဘေးစတစ်ကာ နံပါတ်များ မှတ်ပုံတင်ပြောင်းလဲရန်ကျန်သည့် City Taxi တွေကို အရေးယူတော့ မည်ဟု စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပိုဆောင် ရေးကြီး ကြပ်မှု ကော်မတီ(YRTC)ရုံးက ပြောသည်။ 

ဇွန် ၃ ရက် သုံးသပ်ချက် 

  • စစ်ကောင်စီနှင့်မြောက်ပိုင်းအဖွဲ့ဆွေးနွေးမှု သဘောတူညီမှုမရဘဲ ဆွေးနွေးရပ်ဆိုင်းခဲ့ရ သည့် အတွက် တရုတ်အားကိုးဖြင့် တော်လှန်ရေးဖြိုခွဲမည့် စစ်ကောင်စီအကြံ ပျက်သွားရ သည်ဆိုရ မည်ဖြစ်သည်။ 

  • စီးပွားရေးလုပ်ငန်းရှင်တချို့သည် မုန်တိုင်းအကြောင်းပြပြီး စစ်ကောင်စီဖြင့် ပေါင်းကာ ကဏ္ဍစုံလုပ်ပိုင်ခွင့်ရရန် ကြိုးပမ်းလာသည်ကိုလည်း တွေ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly