"လက်နက်ရတော့ စစ်ရေး လှုပ်ရှားမှုတွေ ပိုလုပ်ဆောင်နိုင်တော့မယ်"

By KMN (မဇ္ဈိမ)
03 June 2023
"လက်နက်ရတော့ စစ်ရေး လှုပ်ရှားမှုတွေ ပိုလုပ်ဆောင်နိုင်တော့မယ်"

အမျိုးသားညီညွှတ်ရေး အစိုးရစီစဉ်မှုနဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်မှာအခြေစိုက်တဲ့ ယင်းမာပင်ခရိုင်တပ်ရင်း (၁၆) နဲ့ယင်းမာပင်ခရိုင်တပ်ရင်း (၁၉ ) တို့ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ သေနတ်တွေတပ်ဆင်ပေးခဲ့ပါတယ်။

တပ်ရင်းတစ်ခုကို သေနတ်ငါးလက်၊ကျည်ဘောက်၁၅ဘောက်နှင့် ကျည် ၅၀၀ ကို တပ်ရင်းစောင့်အဖြစ် အမျိုးသားညီညွှတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက တပ်ဆင်ပေးခဲ့တာပါ။

ဒီလို လက်နက်တွေရရှိဖို့အတွက် အချိန်တစ်ခုပေးစောင့်ဆိုင်းခဲ့ရပြီး တပ်ရင်းတွေပူးပေါင်းကာ စစ်ရေး လှုပ်ရှားမှုတွေ၊  ထိုးစစ်ဆင်မှုတွေပိုလုပ်သွားမယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း (၁၆ )နဲ့ (၁၉) ရဲ့ တပ်ရင်းမှူးတွေက မဇ္ဈိမကို ပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN
စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly