အာဆီယံဒေသထဲမှာ Bitcoin နဲ့ Crypto နည်းပညာစနစ် တိုးတက် အထွန်းကားဆုံး ဗီယက်နမ်

အာဆီယံဒေသထဲမှာ Bitcoin နဲ့ Crypto နည်းပညာစနစ် တိုးတက် အထွန်းကားဆုံး ဗီယက်နမ်

(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)

https://www.facebook.com/bitcoin.MM.initiatve

Chainanalysis ရဲ့ ၂၀၂၂ Geography Of Cryptocurrency Report အရ အာဆီဒေသထဲက ဗီယက်နမ်နိုင်ငံဟာ Bitcoin နဲ့ Crypto နည်းပညာစနစ် အထွန်းကားဆုံး အဆင့်(၁)နေရာမှာရှိနေပြီး မြန်မာနိုင်ငံကတော့ အဆင့်(၇၃)မှာ ရှိနေပါတယ်။ အာဆီယံ ဒေသတွင်းမှာဆိုရင်တော့ မြန်မာနောက်မှာ မြန်မာပြည်ထက် လူဦးရေ အဆမတန် နည်းတဲ့ လာအိုနိုင်ငံပဲ ရှိပါတော့တယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကို ကျော်ပြီးတော့ အာဆီယံဒေသက နိုင်ငံတစ်နိုင်ငံက ဘာကြောင့် အဆင့်(၁)မှာရှိနေသလဲဆိုပြီး မေးခွန်းထုတ်စရာတွေရှိလာပါတယ်။

 

ဗီယက်နမ်ဟာ ဒီလို Bitcoin နဲ့ Crypto စနစ် အထွန်းကားဆုံးဖြစ်ရတဲ့အကြောင်းအရင်း တွေထဲမှာ Bitcoin အပါအ၀င် တခြားသော Cryptocurrencyတွေ  အပေါ် တားမြစ်ပိတ်ပင်မယ့် အစား အခွန်ကင်းလွတ်ခွင့်ပေးလိုက်တာဟာ ပထမဆုံးအကြောင်းတစ်ခုဖြစ်ပါတယ်။ 

 

ဒါပေမဲ့ အခွန်ကင်းလွတ်ခွင့်ပေးထားတာကလည်း နောက်ကွယ်မှာ စိတ်၀င်စားစရာအကြောင်း တစ်ခုရှိပါတယ်။ တကယ်တမ်းတော့ ဗီယက်နမ်အစိုးရက Bitcoin အပါအ၀င် တခြားသော Cryptocurrency တွေကို တစ်ဦးချင်းပိုင်ဆိုင်နိုင်တဲ့ “ပိုင်ဆိုင်မှု” တစ်ခုလို့ မသတ်မှတ် တဲ့အတွက် နိုင်ငံရဲ့ အခွန်အာဏာပိုင်တွေက ဒီအပေါ်မှာ အခွန်ကောက်ဖို့ လုပ်ပိုင်ခွင့်မရှိသေးတာဖြစ်ပါတယ်။

 

ဗီယက်နမ်မှာ  Bitcoin နဲ့ Cryptocurrency ငွေကြေးစနစ် ထွန်းကားနေရတဲ့ ဒုတိယတစ်ချက်ကတော့ ဗီယက်နမ်မှာ နေထိုင်သူ အများစုဟာ သမရိုးကျ ဘဏ်ဝန်ဆောင်မှုတွေနဲ့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။   Statista ရဲ့ ဖော်ပြချက်အရ ဗီယက်နမ်နိုင်ငံဟာ ဒီလို သမရိုးကျ ဘဏ်ဝန်ဆောင်မှုတွေ မရရှိသူ အများဆုံးရှိတဲ့ ကမ္ဘာ့နိုင်ငံပေါင်း ထိပ်တန်း ၁၀ နိုင်ငံမှာ ဒုတိယ ဖြစ်ပါတယ်။ 

 

ဗီယက်နမ်နိုင်ငံ လူဦးရေရဲ့  69% ခန့်က ပုံမှန်ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကို လက်လှမ်းမီနိုင်ခြင်းမရှိ ကြောင်း Statista ရဲ့ ၂၀၂၁ကပြုလုပ်ထားတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်အရ ဒီလို ဖြစ်ရတာဟာ နိုင်ငံလူဦးရေရဲ့ ၆၁ ရာခိုင်နှုန်းကျော်ဟာ သမရိုးကျ ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကို အသုံးပြုဖို့  အကန့်အသတ်ရှိတဲ့ ကျေးလက်ဒေသတွေမှာ နေထိုင်ကျတာကြောင့်လို့ ဆိုထားပါတယ်။

 

ပြည်ပရောက် ဗီယက်နမ်နိုင်ငံသားတွေအနေနဲ့လည်း နိုင်ငံထဲ မိသားစုတွေဆီ ငွေပြန်ပို့တဲ့အခါ ငွေလွှဲခစျေးကြီးလွန်းတာ၊ဘဏ်၀န်ဆောင်မှုတွေကိုအသုံးပြုဖို့ အခက်အခဲရှိတာတွေကြောင့် အစိုးရငွေကြေးစနစ်ထက် ငွေလွှဲခနှုန်းထား သက်သာတာတဲ့ Blockchain နည်းပညာကိုအခြေခံတဲ့  Bitcoin ငွေကြေးစနစ် ကို အသုံးပြုမှုရာခိုင်းနှုန်းဟာ တစ်စတစ်စများလာတာ ဖြစ်ပါတယ်။

 

စီးပွားရေး မတည်ငြိမ်မှုတာတွေ နဲ့ ငွေကြေးဖောင်းပွမှုတွေ ဖြစ်နေချိန် အစိုးရသုံးငွေကြေးကို လက်၀ယ်ထားရှိတာဟာ စိတ်မချရတာကြောင့် အဲ့ဒီအစား ရွှေ၀ယ်စုထားကြတာမျိုး ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေက ခေတ်စားခဲ့ဖူးပါတယ်။ ဒီဘက်ခေတ်မှာကတော့ ငွေကြေးစနစ် မတည်ငြိမ်တဲ့ နိုင်ငံတွေမှာ ရွှေအပြင် အင်တာနက် အခြေပြု Digital ပေါ်မှ ပိုင်ဆိုင်မှု ဖြစ်တဲ့ Bitcoin လိုအရာတွေဟာ တဖြည်းဖြည်းချင်း ခေတ်စားလာနေပါတယ်။ 

 

 Bitcoin ငွေကြေး နည်းစနစ်ကလည်းအပေါ်မှာပြောခဲ့တဲ့ အစိုးရငွေကြေးစနစ်ရဲ့အားနည်းချက်တွေကို ဖြေရှင်းဖို့ နဲ့ မိမိပိုင်ဆိုင်တဲ့ ငွေကြေးကို ကြားခံလူ (အစိုးရ သို့မဟုတ် ဘဏ်) စသည်များကို ကြောက်လန့် လေးစားနေစရာမလိုဘဲ လွတ်လပ်စွာ အသုံးပြုနိုင်တဲ့ ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပေါ်လာတဲ့ ငွေကြေးစနစ်မို့  လွတ်လပ်မှု အပိုင်းနဲ့ ဒီမိုကရေစီပိုင်းဆိုင်ရာမှာ အကန့်အသက်ရှိနေသေးတဲ့ ဗီယက်နမ်နိုင်ငံမှာ နေတဲ့ ပြည်သူတွေ အနေနဲ့ Bitcoin နည်းပညာ စနစ်ကို တဖြည်းဖြည်း ပိုမို လေ့လာလာကြတာဟာ အဓိပ္ပါယ်ရှိတဲ့ နည်းပညာ အပြောင်းအလဲ တစ်ခု ဖြစ်လာပါတယ်။

 

ကိုးကား

 

၁. Vietnam’s crypto adoption: Factors driving growth in Southeast Asia (Cointelegraph)

၂. Share of the population without access to the services of banks or similar organizations worldwide in 2017, by country (Statista.com)

၃. 2022-Geography-of-Cryptocurrency (Chainanalysis)

 

(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)

https://www.facebook.com/bitcoin.MM.initiatve

Telegram တွင် စောင့်ဖတ်ရန် → https://t.me/BitcoinMyanmarEDU

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly