“အိပ်နေတဲ့အချိန်ကြီး ပြေးရတာ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အရမ်းဒုက္ခရောက်ပါတယ်”

By ရွှေနွယ် (မဇ္ဈိမ)
03 June 2023
“အိပ်နေတဲ့အချိန်ကြီး ပြေးရတာ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အရမ်းဒုက္ခရောက်ပါတယ်”

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မြောက်ခြမ်း၊ ချင်းတွင်းမြစ်ကမ်းဘေးက ကျေးရွာသုံးရွာကို မနေ့က ဇွန်လ ၂ ရက်နေ့ ည ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွား နေတာမျိုးမရှိဘဲ ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ဒေသခံတွေဟာ ညတွင်းချင်းပဲ တိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မဇ္ဈိမကို ပြောပါတယ်။

ည ၁၀ နာရီမှာ ပစ်ခတ်တာဖြစ်တဲ့အတွက် အိပ်နေတဲ့ အချိန် ရုတ်တရတ် ရွာလုံးကျွတ်တိမ်းရှောင်ကြရတာလည်း ဖြစ်ပါတယ်။

လက်ရှိ ဆားလင်းကြီးမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ၊ စစ်ကြောင်း ထိုးမှုတွေကြောင့် ဒေသခံ ထောင်နဲ့ချီ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

ISP Myanmar ရဲ့စစ်တမ်းတွေအရ မြန်မာနိုင်ငံမှာ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း နှစ်နှစ်ကျော်ကာလအတွင်း စစ်ရှောင်ဦးရေဟာ နှစ်သန်းခြောက်သိန်းကျော် ထပ်မံတိုးမြင့်လာပြီး လက်ရှိ တစ်နိုင်ငံလုံးရဲ့ စစ်ရှောင်အရေအတွက်ဟာ လေးသန်းကျော် ရှိတယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်ရဲ့ ပထမလေးလအတွင်းမှာတင် စစ်ရှောင်ဦးရေ ခြောက်သိန်းခွဲကျော် ထပ်တိုးလာခဲ့တာဖြစ်ပြီး စစ်ရှောင်ဦးရေ စုစုပေါင်းထဲက တစ်သန်းကျော်ဟာ စစ်ကိုင်းတိုင်းအတွင်းက ဖြစ်ပါတယ်။

တည်းဖြတ်/တင်ဆက်= ရွှေနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly