စစ်ကောင်စီကို ICC မှာ လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ တရားစွဲဆိုတာကို ထောက်ခံတယ်လို့ OIC အကြီးအကဲ ပြော

စစ်ကောင်စီကို ICC မှာ လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ တရားစွဲဆိုတာကို ထောက်ခံတယ်လို့ OIC အကြီးအကဲ ပြော

အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ အကြီးအကဲဟာ တနင်္လာနေ့မှာဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်း နယ်စပ်ဒေသ ကော့ဘဇားခရိုင်ထဲက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ဒုက္ခသည်တွေရဲ့ နေရေးထိုင်ရေး အခြေအနေကို ကြည့်ရှုခဲ့ပါတယ်။

OIC အတွင်းရေးမှူးချုပ် Hissein Brahim Taha ဟစ်စိန် ဘရာဟင် တာဟာက ကော့ဘဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်အချို့နဲ့ အ မြင်ချင်း ဖလှယ်ခဲ့ပြီး OIC ဟာ ရိုဟင်ဂျာတွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာမှာ အမြဲ တက်ကြွနေ တယ်လို့ ပြောပါတယ်။

တွေ့ဆုံမှုအတွင်း ရိုဟင်ဂျာအသိုင်းအဝိုင်းခေါင်းဆောင်တွေက သူတို့ရဲ့ နိုင်ငံသားအခွင့်အရေးများ ပြန်လည်ရရှိရေးနဲ့ လူမျိုးတုံးသတ်ဖြတ်မှု တာဝန်ရှိသူတွေကို အရေးယူအပြစ်ပေးနိုင်ရေး မြန်မာအစိုးရကို ဖိအားပေးဖို့ OIC ကို တိုက်တွန်းခဲ့တယ်လို့ ပြောပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly