ယူအေအီးတွင် လူနေအထပ်မြင့်တာဝါ မီးလောင်ပြီး အနီးရှိ တာဝါတစ်လုံးပါ မီးကူးစက်လောင်ကျွမ်း

ယူအေအီးတွင် လူနေအထပ်မြင့်တာဝါ မီးလောင်ပြီး အနီးရှိ တာဝါတစ်လုံးပါ မီးကူးစက်လောင်ကျွမ်း

ဒူဘိုင်း၊ မတ် ၂၉ ။             ။ ယူအေအီးနိုင်ငံတွင် တစ်နှစ်ကျော်အတွင်း သုံးကြိမ်မြောက်အဖြစ် လူနေအထပ်မြင့်တာဝါနှစ်လုံး မီးအကြီးအကျယ် လောင်ကျွမ်းမှုဖြစ်သည်။

ဒူဘိုင်းမြို့မြောက်ပိုင်း အက်ဂျ်မန်းအရပ်တွင် အထပ်မြင့်တာဝါတစ်လုံး စတင်မီးလောင်ကျွမ်းခြင်းဖြစ်ကာ အနီးရှိတာဝါကိုပါ မီးကူးစက်ပြီး ဆက်လက်လောင်ကျွမ်းခြင်းဖြစ်သည်။

အဆိုပါ အဆောက်အအုံများတွင် နေထိုင်သူများအား ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့သော်လည်း အသက်ရှုခက်ခဲမှု ဝေဒနာများ၊ ထိခိုက်ဒဏ်ရာရမှုများ ရှိနေသည်။

နှစ်သစ်ကူးအကြိုနေ့တွင်လည်း ဒူဘိုင်းမြို့လယ်ရှိ အထပ် ၆၃ ထပ်ရှိ ဇိမ်ခံဟိုတယ်တစ်လုံး မီးအကြီးအကျယ် လောင်ကျွမ်းမှုဖြစ်ခဲ့သည်။

ယခုနောက်ဆုံး မီးလောင်မှုသည် မတ် ၂၈ ရက် နှောင်းပိုင်းက စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး တိုက်ခန်းပေါင်း ၃၀၀၀ ခန့်ရှိသည့် အထပ် ၁၂ ထပ် လူနေတာဝါတွင် စတင်လောင်ကျွမ်းခြင်းဖြစ်သည်။

မီးလောင်ကျွမ်းရာ အဆောက်အအုံမှ အပျက်အစီးအပိုင်းအစများ မြေသို့ ပြုတ်ကျလာပုံများကိုလည်း အွန်လိုင်းဗီဒီယိုတွင် မြင်တွေ့ရသည်။ ပြည်ထဲရေးဝန်ကြီး ကိုယ်တိုင် မီးလောင်ရာသို့ လာရောက်ကြည့်ရှုခဲ့သည်။

နှစ်သစ်ကူးနေ့ ဟိုတယ်မီးလောင်မှုမှာ  နာရီ ၂၀ ကျော် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ ဒဏ်ရာထိခိုက်မှုဖြစ်ခဲ့သူပေါင်း ၁၆ ဦးရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly