ဧပြီလအတွင်း စစ်ကောင်စီတပ်သား ၅၀၀ ကျော် သေဆုံးခဲ့ဟု NUG ထုတ်ပြန် (ရုပ်သံ)

By မိုးသောက် (မဇ္ဈိမ)
30 May 2023
ဧပြီလအတွင်း စစ်ကောင်စီတပ်သား ၅၀၀ ကျော် သေဆုံးခဲ့ဟု NUG ထုတ်ပြန် (ရုပ်သံ)

တော်လှန်ရေးအဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလထဲမှာ စစ်ကောင်စီတပ်သား ၅၀၀ ကျော်သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ် ရေးဝန်ကြီးဌာနက မေလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တစ်လအတွင်း တိုက်ပွဲပေါင်း ၄၁၅ ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်သား ၅၂၇ ယောက် သေဆုံး ခဲ့တဲ့အပြင် အယောက် ၈၀၀ ကျော်လည်း ထိခိုက်ခဲ့တယ်လို့  ဆိုပါတယ်။

တိုက်ပွဲတွေဟာ NUG ရဲ့  စစ်ဒေသ(၁)လို့ခေါ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည် နယ်မြောက်ပိုင်းတို့မှာ ဖြစ်ပွားခဲ့တာပါ။

အခုထုတ်ပြန်ခဲ့တဲ့အချက်အလက်တွေဟာ မြေပြင်ကနေရရှိတဲ့ အချက်အလက်တွေဖြစ်တယ်လို့ အမျိုး သားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ  ဦးနေဘုန်းလတ်က မဇ္ဈိမကို ပြောပါတယ်။

စာတည်း။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly