မတ်လနဲ့ ဧပြီလအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၀၀၀ ကျော်သေဆုံးဟု NUG ကာကွယ်ရေး ထုတ်ပြန်

29 May 2023
မတ်လနဲ့ ဧပြီလအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၀၀၀ ကျော်သေဆုံးဟု NUG ကာကွယ်ရေး ထုတ်ပြန်

မြန်မာနိုင်ငံအလယ်ပိုင်းဒေသပါဝင်တဲ့ အမှတ် (၁) စစ်ဒေသမှာ ပြီးခဲ့တဲ့ မတ်လအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၄၀၀ ကျော်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၆၀၀ကျော်သေဆုံးခဲ့ပြီး ဧပြီအတွင်းမှာတော့  စစ်ကောင်စီဘက်က ၅၀၀ ကျော်သေဆုံးခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အမှတ် ( ၁) စစ်ဒေသမှာ  မန္တလေးတိုင်း ၊မကွေးတိုင်း ၊စစ်ကိုင်းတိုင်း နဲ့ ရှမ်းပြည် မြောက်ပိုင်းတို့ပါဝင်ပြီးမတ်လအတွင်း တိုက်ပွဲပေါင်း ၄၃၇ကြိမ် ဖြစ်ပွားခဲ့တယ်လို့ဖော်ပြထားပါတယ်။

ထိတွေ့တိုက်ပွဲဖြစ်တာ ၁၃၇ ကြိမ် ၊ မိုင်းဆွဲတာ ၁၁၈ ကြိမ် ၊ ဒရုန်းသုံးပြီး တိုက်ခိုက်တာ ၄၅ ကြိမ် ၊ သွားရောက်ပစ်ခတ်တာ ၁၂၅ ကြိမ်ရှိပြီး စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုဟာ ၁၂ ကြိမ်ရှိခဲ့တယ်လို့ NUG ရဲ့စာရင်းအရသိရပါတယ်။

မတ်လအတွင်း အဲဒီဒေသမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့ တိုက်ပွဲဖြစ်တာ ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက်ပစ်ခတ် တာ ၊ ဒရုန်းသုံးပြီး ဗုံးချတာ ၊ မိုင်းဆွဲတာ  ၊စစ်ကောင်စီ ရဲ့လေကြောင်းတိုက်ခိုက်မှု တွေ ကို NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့စစ်ရေးသတင်းမှာ တွေ့ရပါတယ်။

NUG ရဲ့စာရင်းအရတော့ စစ်ကောင်စီဖက်က ၆၀၀ ကျော်သေဆုံးပြီး ၇၀၀ ထိခိုက်ဒဏ်ရာရသလို PDF တွေဘက်ကလည်း ၆၀ ကျဆုံးပြီး ၉၀ ကျော် ဒဏ်ရာရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရန်သူ့ထံမှ လက်နက်မျိုးစုံ (၂၇)လက်အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့ တယ်လို့ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly