စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ကျေးရွာစာသင်ကျောင်း၌တပ်စွဲထားသော စစ်ကောင်စီ တပ်ကို ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး လေးဦးထက်မနည်းဒဏ်ရာရရှိသွားကြောင်း Black Wolf – Army က မေလ ၂၈ ရက် ယနေ့တွင် ထုတ်ပြန်ထားသည်။
အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်ကို ပထမအကြိမ်အဖြစ် မေလ ၂၆ ရက်နေ့ ညနေ ၇ နာရီတွင် ဒရုန်း ဖြင့် ဗုံးသီးလေးလုံးချတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။ ယင်းသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား လေးဦးခန့်ထိခိုက်မှုရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့သော်လည်း အဆိုပါစာသင်ကျောင်းမှ ဆုတ်ခွာခြင်းမရှိသဖြင့် ဒုတိယအကြိမ် အဖြစ် မေလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ဒရုန်းဖြင့် ဗုံးသီးလေးလုံးချ၍ ထပ်မံ တိုက်ခိုက်ခဲ့ သည်။ ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင်း ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို Black Wolf – Army နှင့်အတူ Who Am I – Army မှ ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။
ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ရန်နှင့် အသေးစိတ်အခြေအနေများကိုသိရှိနိုင်ရန် တာဝန်ရှိသူကို မဇ္စျိမမှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ် ၍မရခဲ့ပေ။
ပြီးခဲ့သော မေလ ၁၄ ရက်နေ့က ဝက်လက်မြို့နယ်ဟန်လင်းကျေးရွာမှ အင်အား ၈၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ် ကံကြီးတောကျေးရွာ မြောက်ဖက်အရောက် တွင် Black Wolf – Army ၊ Who Am I – Army နှင့် တိုက်နယ် ပကဖ (၄) တို့က တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။
အဆိုပါစစ်ကြောင်းကို နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တဦးသေဆုံးခဲ့ကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ