တနင်္သာရီမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

By ကိုရွှေမြိတ်  မဲဆောက်(မဇ္ဈိမ)
28 May 2023
တနင်္သာရီမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

တနင်္သာရီတိုင်း ၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ယနေ့ မေလ ၂၈ ရက် နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု သပိတ် ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံက သိရသည်။

ယင်းလှုပ်ရှားမှုတွင်"သွေးမအေးဒူးမထောက် အမြဲရဲရဲတောက်"စာတန်းပါ ဘန်နာကို ကိုင်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးကြွေးကြော်သံများဖြင့် ဟစ်ကြွေးချီတက်ခဲ့ကြ‌ကြောင်း သိရသည်။ 

အဆိုပါလှုပ်ရှားမှုအား ဗမာလူငယ်များကွန်ရက်(ဗလက) မှ ဦးဆောင်၍ ဒေသခံကျောင်းသားလူငယ်များ ၊အမျိုးသမီးများနှင့် ရပ်ရွာလူထု အများအပြား ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required