နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၅ မေ  ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၅ မေ  ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ
•    အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက  မေလ (၂၅) ရက်နေ့က စတင်ပြီး ပြောင်းလဲ ထုတ်ဝေလိုက်သည့် ဂုဏ်ပြုမှတ်တမ်းများတွင် ပါဝင်လာသည့် QR Code ကို Scan ဖတ်၍ အတုအစစ် စစ်ဆေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်မှာ နွေဦးတော်လှန်ရေးအတွက် တိုက်ပွဲဝင်ရင်း မကွေး ဆေးတက္ကသိုလ် ဆေးပညာအခြေခံနှစ် (Foundation Year) က ကျောင်းသား မောင်စွမ်းထက် အသက် (၂၀) နှစ် က မေလ (၂၂) ရက်နေ့တွင် မြင့်မြတ်စွာအသက်ပေးလှူခဲ့သည့် အတွက် ကျန်းမာရေးဝန်ကြီးဌာနကအာဇာနည် သူရဲ ကောင်းတစ်ဦးအဖြစ် အသိအမှတ်ပြုအပ်ပြီး မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရကြောင်း ထုတ်ပြန် သည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုကို မေ ၂၄ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။
•    မြန်မာနိုင်ငံ၌ ဆိုင်ကလုန်း မိုခါမုန်တိုင်းဒဏ်သင့် ဒေသများထံ အသက်ကယ်အကူအညီများ အသေအချာ ရောက်ရှိနိုင်စေရန်နှင့် အကူအညီပေးမှု လမ်းကြောင်းများကို ဖွင့်လှစ်ပေးရန် ကုလသမဂ္ဂက အာဏာသိမ်း စစ်ကောင်စီကို မေလ ၂၄ ရက်တွင် တိုက်တွန်းတောင်းဆိုသည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    စစ်ကိုင်းတိုင်း ၊ ယင်းမာပင် မြို့နယ် နှင့် ဆားလင်းကြီးမြို့နယ် ရှိ ကျေးရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ရက်ပေါင်း (၇၇၉) ရက်မြောက်အဖြစ် ယနေ့ မေလ ၂၅ရက် ဆက်လက်ချီတက် ဆန္ဒပြကြသည်။
•    စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ ကြောင်လည်ရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်မှ ဗိုလ်တစ်ဦး အပါအဝင် ၂၀ နီးပါးသေဆုံးခဲ့ကြောင်း Banmauk Revolution – BR တပ်ဖွဲ့မှ သိရသည်။
•    စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ရွာသာယာရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲသောကြောင့် ဘုန်းကြီးကျောင်း ၁ ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း ABSDF မြောက်ပိုင်းမှ သိရသည်။
•    စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အမြင့်မြို့ဟောင်းရဲစခန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ဆိုင်ကယ်များကို အကြောင်းမဲ့ ဖမ်းဆီးပြီး ၁ စီးကို ၃ သိန်းနှုန်းဖြင့် ပြန်ရွေးခိုင်းကြောင်းသိရသည်။
•    ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၂၅ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    ရန်ကုန်မြို့တစ်နေရာတွင် “ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ” ဟူသော စာသား ချိတ်ဆွဲပြီး စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(Sc Strike)မှ မေလ ၂၅ ရက်နေ့ညပိုင်းက စစ်အာဏာ ရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။
•    မြန်မာနိုင်ငံရှိ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ပြည်သူများကို အကူအညီများ ထောက်ပံ့ရေး ပြင်သစ် နိုင်ငံအနေဖြင့် စီစဉ်လုပ်ဆောင်လျက် ရှိကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
•    တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ၊ ပုလောမြို့နယ် ၊ မန်ကျဥ်းကုန်းရွာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အရပ်သား နှစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး သုံးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
•    ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ မေလ ၂၄ ရက်၊ မွန်းလွဲပိုင်းအချိန်က စကြဝတေး မင်းကြီး သပိတ်ကော်မတီမှ ဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။
•    ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်၊ သံတောင်မြို့ (၁၃) မိုင်ရှိ မြို့ပေါ် ရပ်ကွက်များကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်မှာ သုံးရက်ဆက် တိုက်ရှိပြီဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
•    မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မင်းဂံကျေးရွာရှိ စာသင်ကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီ တပ်ကိုဒေသကာကွယ်ရေးတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
•    မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ရှိ ကျေးသဲအင်းရွာနှင့် ကျွန်းကြီးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၁၄ လုံး မီးလောင်ပြာကျခဲ့ကြောင်း Wetlet Informatonal Network မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    ရန်ကုန်တွင် လျှပ်စစ်မီးပြတ်တောက်မှုအချိန်ကြာမြင့်စွာဖြစ်ပွားပြီးနောက် ဒေါသထွက်ကာ စစ်ကောင်စီနှင့် စစ်ကောင်စီလျှပ်စစ်ဝန်ကြီးကို လူမှုကွန်ယက်ပေါ်မှတဆင့် ဆဲဆိုဝေဖန်ခဲ့သည့် ဟစ်ဟော့အဆိုတော် ဗျူဟာကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ကြောင်း စစ်‌လော်ဘီများက ဓာတ်ပုံနှင့်တကွ ထုတ်ပြန် လာသည်။
တိုင်းရင်းသား လက်နက်ကိုင်များ
•    ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်း၌ ၁၀ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးအပါအဝင် ၄၀ ဦးခန့် သေဆုံးသွားကြောင်း KNDF ဗဟို သတင်း နှင့်ပြန်ကြားရေးက မေလ ၂၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။
•    ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင်နီပူး တပ်တို့ ထိတွေ့တိုက်ပွဲ၌ KNDF -09 မှ ရဲဘော် တစ်ဦးကျဆုံးခဲ့သည်။
•    ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနောက်ခြမ်းတွင် စစ်ကောင်စီတပ်မှ ယမန်နေ့ ညပိုင်းမှ စတင်ကာ ယနေ့ မေလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းအထိ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံမှ သိရသည်။
•    ချင်းပြည်နယ် ၊ ဟားခါး - မတူပီလမ်း ရှေ့တန်းတစ်နေရာတွင် စစ်ဆင်ရေးပြုလုပ်နေစဉ် မိုင်းမတော် တဆမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ရဲဘော်တစ်ဦးသည် အချိန်မီ ဆေးကုသမှု မရရှိသဖြင့် ချင်းလဲန်း ကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) ( CDF – Matupi ) က မေလ ၂၃ရက်နေ့တွင် ထုတ်ပြန်သည်။
စစ်ကောင်စီ
•    တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ PDF များက အရပ်သားများလိုက်ပါလာသည့် ခရီးသွား မော်တော်ယာဉ်ကို လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်သည်။
•    ၂၀၂၃ ခုနှစ်အတွက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ် ချီးမြှင့် အပ်နှင်းခံရသည့် Ms. LEE JUNG HEE အား ဘွဲ့တံဆိပ်ချီးမြှင့်အပ်နှင်းသည့် အခမ်းအနားကို မေ ၂၄ ရက် နံနက်ပိုင်းတွင် ဆိုးလ်မြို့ရှိ မြန်မာသံရုံး၌ ကျင်းပခဲ့ကြောင်း စစ်ကောင်စီမှ ထုတ်ပြန်သည်။
•    ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ သခင်မြပန်းခြံမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်နေစဉ် ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
•    ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့် စာသင်ကျောင်းများ၊ ကျေးရွာများရှိ လူနေအိမ်များ ပျက်စီးနေမှုကို မြေပြင်စာရင်း ကောက်ယူရေးအဖွဲ့မှ စာရင်းကောက်ခံထား ရှိမှုများကို အကြမ်းဖက် စစ်ကောင်စီဝင် ဗိုလ်မှူးချုပ်တင်ဆွေက လာရောက်စစ်ဆေးကြောင်း စစ်ကောင်စီ မီဒီယာများတွင် ဖော်ပြထားသည်။
မေ ၂၅ ရက် သုံးသပ်ချက်
•    ကယားပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းနှင့်လက်နက်ကြီးများ အများ အပြား အသုံးပြုပြီး ထိုးစစ်ဆင်နေသော်လည်း မြေပြင်တွင် အသေများနေသည်ကို တွေ့ရသည်။
•    စစ်ကောင်စီမှ ယခုအချိန်ထိ မုန်တိုင်းသင့်ဒေသများတွင် နိုင်ငံတကာနှင့်ကုလအဖွဲ့အစည်းများကို ဝင်ရောက်ခွင့်မပြုသေးဘဲ ပိတ်ပင်ထားဆဲဖြစ်သည်။ယင်းအခြေအနေသည် နာဂစ်မုန်တိုင်း ကာလက စစ်ဗိုလ်ချုပ်များသကဲ့သို့ ၎င်းတို့ပဲအခြေအနေအရပ်ရပ်ကို လုပ်နိုင်သဖွယ် ဟန်ဆောင် နေခြင်းဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly