ကနီမြို့နယ်မှာ ဒေသခံ ၆,၀၀၀ ကျော် စစ်ရှောင်နေရ

By လွှမ်းမိုး (မဇ္ဈိမ)
25 May 2023
ကနီမြို့နယ်မှာ ဒေသခံ ၆,၀၀၀ ကျော် စစ်ရှောင်နေရ

စစ်ကိုင်တိုင်း ကနီမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံ ၆,၀၀၀ ကျော်ကနေရပ်စွန့်ခွါ ထွက်ပြေးတိမ်ရှောင်နေကြရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ကနီမြို့နယ် တောင်ဘက်အခြမ်းက သမင်ခြံ၊ မင်းမ၊ သင့်ဝင် ၊ ချောင်းမ၊ အောင်မင်္ဂလာ စတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

တောတောင်တွေထဲ စစ်ရှောင်နေရတဲ့အတွက်  ပိုး၊မွှား အန္တရာယ် စိုးရိမ်နေရပြီး လက်ရှိ မြွေကိုက်ခံရသူ လူနာနှစ်ဦး ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းက မင်းမကျေးရွာ အနောက်ဘက် အင်တိုင်းတောကျေးရွာမှာ လက်ရှိ ယာယီစခန်းချ တပ်စွဲထားတယ်လို့လည်းသိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly