"ကျည်ဆန်သာ လုံလောက်ရင် ကျွန်တော်တို့ ပဒူရွာ စခန်းသိမ်းနိုင်ပြီ" (ရုပ်/သံ)

By KMN (မဇ္ဈိမ)
24 May 2023
"ကျည်ဆန်သာ လုံလောက်ရင် ကျွန်တော်တို့ ပဒူရွာ စခန်းသိမ်းနိုင်ပြီ" (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ မေလ ၁၉ ရက်နေ့ကနေ မေလ ၂၂ ရက်နေ့အထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ အကြားမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ဘက်က ၃၀ ဦး သေဆုံးခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးပြီး ရှစ်ဦးဒဏ်ရာရှရှိခဲ့ပါတယ်။

မေလ ၂၂ ရက်နေ့မှာ စစ်ကိုင်းမြို့နယ်၊ ပဒူရွာ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်တိုက်ခဲ့ကြပြီး ကျည်ဆန်လုံလောက်မှု မရှိခဲ့တာကြောင့် စခန်းသိမ်းခါနီး လက်တကမ်း အလိုမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ကူတွေကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။

တည်းဖြတ်/တင်ဆက်= KMN

#Mizzima
#ပဒူရွာစခန်း
#စစ်ကိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly