ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုအတွက် တရုတ်ရေယာဉ် ဗီယက်နမ်သို့ ရောက်ရှိ

ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုအတွက် တရုတ်ရေယာဉ် ဗီယက်နမ်သို့ ရောက်ရှိ

သုံးရက်တာ ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုအတွက် တရုတ်၏ အကြီးဆုံး လေ့ကျင့်ရေး ရေယာဉ် Qi Jiguang သည် ဗီယက်နမ်သို့ အင်္ဂါနေ့တွင် ရောက်ရှိသည်။

အရာရှိနှင့် အမှုထမ်း ၄၇၆ ဦး လိုက်ပါသော အဆိုပါ ရေယာဉ်သည် ကမ်းရိုးတန်းမြို့ ဒါနန်း၏ တီအန်ဆာဆိပ်ကမ်းတွင် ကမ်းကပ်ကြောင်း Vietnam Express International သတင်းစာက ဖော်ပြသည်။

ရောက်ရှိလာသော အမှုထမ်းများအနေဖြင့် ခရီးစဉ်အတွင်း ဒါနန်းပြည်သူ့ကော်မတီနှင့် တွေ့ဆုံမည်ဖြစ်သကဲ့သို့ စစ်ဘက်ဆိုင်ရာနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်သည်။

ဗီယက်နမ်ရှိ တရုတ်အသိုင်းအဝိုင်း ကိုယ်စားပြုသူများကို ရှုခင်း ကြည့်ရှုရန်အတွက် အဆိုပါ ရေယာဉ်သို့ ဖိတ်ကြားသွားမည်လည်း ဖြစ်သည်။

ရေယာဉ်ပေါ်မှ တာဝန်ရှိသူနှင့် သင်္ဘောသား ၂၀၀ ခန့်က ဒါနန်းမြို့ကို လှည့်လည်ကြည့်ရှုမည် ဖြစ်သကဲ့သသို့ ကွန်နမ်းပြည်နယ်က တရုတ် စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများဆီလည်း သွားရောက်မည် ဖြစ်သည်။

ဗီယက်နမ်နှင့် တရုတ် ရေတပ် တပ်ဖွဲ့ဝင်များက ဘောလုံးပွဲများလည်း ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုနှင့်အတူ တရုတ်ရေယာဉ်၏ ခရီးစဉ်သည် ကြာသပတေးနေ့တွင် အဆုံးသတ်မည် ဖြစ်သည်။

Qi Jiguang သည် တရုတ်၏ အကြီးဆုံးနှင့် ခေတ်အမီဆုံး လေ့ကျင့်ရေးရေယာဉ်ဖြစ်သည်။ ၂၀၁၇ ခုနှစ်အတွင်း စတင်စစ်မှုထမ်းပြီး အမြန်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၄၀ ရှိသည်။ ရေယာဉ်တွင် အမြောက်များနှင့် စက်သေနတ်များ တပ်ဆင်ထားပြီး လူ ၄၀၀ ကျော်ကို တင်ဆောင်နိုင်စွမ်းသည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.aa.com.tr/en/asia-pacific/chinese-vessel-arrives-in-vietnam-...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly