ဆိုင်ကလုန်းမိုခါအတွက် ထပ်တိုးအကူအညီ ဒေါ်လာ ၁၇ သန်းကို မိတ်ဖက်အဖွဲ့များမှတစ်ဆင့် ပေးအပ်မည်

By မဇ္ဈိမ 
24 May 2023
ဆိုင်ကလုန်းမိုခါအတွက် ထပ်တိုးအကူအညီ ဒေါ်လာ ၁၇ သန်းကို မိတ်ဖက်အဖွဲ့များမှတစ်ဆင့် ပေးအပ်မည်

ဆိုင်ကလုန်းမိုခါအတွက် ထပ်တိုးအကူအညီ ဒေါ်လာ ၁၇ သန်းကို မိတ်ဖက်အဖွဲ့များမှတစ်ဆင့် ပေးအပ်မည်ဖြစ် ကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်သည်။

ကနဦးအကူအညီအဖြစ် ဒေါ်လာ နှစ်သိန်းကို ပေးအပ်ခဲ့ပြီးနောက် ထပ်တိုးကူညီမှုအဖြစ် ဒေါ်လာ ၁၇ သန်းကို ပေးအပ်ခြင်းဖြစ်သည်။

" အကူအညီကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် မုန်တိုင်းသင့်ဒေသများတွင် ဆောင်ရွက်လျက်ရှိသည့် မိတ်ဖက်အဖွဲ့အစည်းများကို ပေးအပ်သွားမည်ဖြစ်ပြီး အရေးပေါ် နားခိုစရာ၊ သန့်ရှင်းသောရေ ရရှိရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ရာတွင် အကူအညီဖြစ်စေနိုင်မည်ဖြစ်ပါသည်" ဟု အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုခါမုန်တိုင်းကြောင့် ထောက်ပံ့မှုအများဆုံး လိုအပ်နေသည့် လူ့အသိုက်အဝန်းများသို့ အကူအညီပေးသည့်အဖွဲ့အစည်းများ အလွယ်တကူရောက်ရှိနိုင်ရန်နှင့် အကူအညီများပေးအပ်နိုင်ရန် အလွန်အရေးကြီးသည်ဟု အမေရိကန်သံရုံးက ရှုမြင်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly