မိုခါမုန်တိုင်းတိုက်ခတ်မှုဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ လုံလောက်တဲ့ အကူအညီတွေမရသေး (ရုပ်သံ)

By ရောင်နီ (မဇ္စျိမ)
24 May 2023
မိုခါမုန်တိုင်းတိုက်ခတ်မှုဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ လုံလောက်တဲ့ အကူအညီတွေမရသေး (ရုပ်သံ)

မိုခါမုန်တိုင်း တိုက်ခတ်မှုဒဏ်ပြင်းထန်စွာခံခဲ့ရတဲ့ ရခိုင်ပြည်နယ်အတွင်းက မုန်တိုင်းဒဏ်သင့် ပြည်သူတွေဆီ လုံလောက်တဲ့ ထောက်ပံ့ကူညီမှုတွေ မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အင်အားပြင်းဆိုင်ကလုန်း မိုခါမုန်တိုင်းဟာ  မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကချင်ပြည်နယ်က မြို့နယ်အချို့ကို ၀င်ရောက်ဖြတ်ကျော်တိုက်ခတ်ခဲ့တာပါ။   

ရခိုင်ပြည်နယ်ကတော့ မုန်တိုင်းတိုက်ခတ်မှုဒဏ်ကို အဆိုး၀ါးဆုံး ရင်ဆိုင်ခဲ့ရတာ ဖြစ်ပြီး လူသေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေလည်း အင်မတန်များပြားခဲ့ပါတယ်။ 

ဒါကြောင့် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ခံရတဲ့ မြို့နယ်တွေက ဒေသခံတွေဟာ စား၀တ်နေရေး၊ သောက်ရေသုံးရေနဲ့ နေထိုင်စရာ အခက်အခဲတွေ ကြုံတွေ့နေကြရပါတယ်။

စာတည်း- သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly