နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၃ မေ  ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၃ မေ  ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ရှေ့တန်းစစ်မြေပြင်ကို တာဝန်ထမ်းဆောင်ရန်သွားရောက်မည် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များဆီကို အမျိုး သားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က သွားရောက်တွေ့ဆုံပြီး အားပေးစကား ပြောကြားကာ လိုအပ်သည့် လက်နက်ခဲယမ်းများ တပ်ဆင်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။ 

  • ၂၀၂၃ ခုနစ်၊ ၁၄ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award) ဂုဏ်ပြုပွဲအခမ်းအနားကို မေလ ၂၁ ရက်နေ့က အမေရိကန်နိုင်ငံ၊ လောစ်အိန်ဂျယ်လိစ်မြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး NUG ပညာရေးနှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အမှာစကားပြောကြားခဲ့သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတကာအကူအညီများရရှိရေးပေါင်းစပ်ညှိနှိုင်းမှုကော်မရှင် (International Aid Coordination Commission) အစည်းအဝေးကို ယနေ့ မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြ သည်။ 

  • မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ချင်းပြည်နယ်တွင် နေအိမ် ၂၇၀၀ ကျော်၊ စာသင်ကျောင်း ၁၈၀ ကျော်အပါ အဝင် ဘာသာရေးအဆောက်အဦတွေ ပျက်စီးခဲ့ကြောင်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)က ထုတ်ပြန်ထားသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို မေ ၂၂ ရက် မွန်းလွဲ ၃ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းတွင် တော်လှန်ရေးအဖွဲ့များ အခြေစိုက်လှုပ်ရှားနေသည့် ကျေးရွာများ အနီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲ နှစ်ရက်ဆက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

  • တနင်္သာရီတိုင်း ၊ ထားဝယ်မြို့နယ်၊ အညာဖျားကျေးရွာတွင် မေလ ၂၀ ရက် ည ၇ နာရီ အချိန်က စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းအား နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်စုပေါင်းစစ်ကြောင်းထံမှ သိရသည်။ 

  • အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်ပူးပေါင်းသည့်တရုတ်အစိုးရ၏ လုပ်ရပ်များကို ဆန့်ကျင် ကန့်ကွက်ကြောင်း ယနေ့ မေလ ၂၃ ရက်နေ့နံနက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများစုပေါင်း၍ရန်ကုန်မြို့ရှိ တံတားတစ်စင်း ပေါ်၌ “China,Respect Myanmar People’s Voice!!! Stop Supporting Fascist Criminals” စာတန်းချိတ်ဆွဲကာ ဆန္ဒပြခဲ့ကြသည်။ 

  • ပဲခူးတိုင်း၊ ပြည်ခရိုင် ပေါင်းတည်မြို့တွင် ညောင်နီပင်ကျေးရွာ ၏ ရာအိမ်မှူး ပျူသင်တန်းဆင်း ပျူစောထီး ခေါင်းဆောင် သတင်းပေးဆိုသူ ဦးသန်းနိုင်(ခေါ်) နိုင်ကြီးအား မေလ ၂၂ ရက်နေ့ နံနက် ၁ နာရီ ၃၀ခန့်တွင် ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)မှ ပစ်ခတ်ခဲ့သည်ဟု PPDF ပြန်ကြားရေးတာဝန်ခံမှ ပြောသည်။ 

  • ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ မေလ ၂၂ ရက်၊ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ ဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်တိုင်း၊ယင်းမာပင်မြို့ပေါ်ရှိ ဝါဒိုင်တွင်တပ်စွဲနေသည့်စစ်ကောင်စီတပ်ဖွဲ့မှ တပ်သား ရဲရင့်ကျော် ကိုယ်ပိုင် နံပါတ် (တ-၅၅၂၅၅၅)သည် မေလ ၂၂ ရက် နံနက် ၃ နာရီခန့်တွင် ယင်းမာပင်ခရိုင် အမှတ်(၂၉)နှင့် ချိတ်ဆက်၍ CDMပြုလုပ်လာကြောင်း သိရသည်။ 

  • ယင်းမာပင်မြို့နယ်ရှိ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် လမ်းပိုင်းကို ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် ကော်မတီက ပြန်လည် ပြုပြင်ပေးခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင် မြောက်ခြမ်း သပိတ် အင်အားစုက မေလ ၂၃ ရက်နေ့ နံနက်ပိုင်း ချီတက် သပိတ်မှောက်ကြကြောင်း သိရှိရသည်။ 

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုး နေမှုများမှ ကင်းလွတ်နိုင်ရေး ထွက်ပြေး တိမ်းရှောင်ရင်း ကလေးငယ် ၁ ဦး အပါအဝင် စစ်ဘေးရှောင် ပြည်သူ ၂ ဦးသေဆုံးကြောင်း ဒေသပြည်သူ့ ကာ ကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • မကွေးတိုင်း၊ ပခုက္ကူမြို့နှင့် အရှေ့ချောက်ကန်ကြား ယောင်းမစွန်းဆီဆိုင်အနီး၌ ဂိတ်ဖွင့်ကာ ဆတ်ကြေး ကောက်နေသော အကြမ်းဖက်စစ်သား ၄ ဦးကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

  • မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။ 

  • မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီ ပျူစောထီးကျေးရွာကို ဒရုန်းများ၊ ဒုံးများဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း Eagle တပ်ဖွဲ့မှ သိရသည်။ 

  • ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် အမျိူးသမီးများကို ကျေးလက်မြေအဖွဲ့က အမျိူးသမီး လစဥ်သုံး ပစ္စည်းများ၊ ကိုယ်ဝန်တားဆေးနှင့် အားဆေးများလှူဒါန်း ပေးခဲ့ကြောင်း သိရသည်။ 

  • အကြမ်းဖက်စစ်ကောင်စီက စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်ကျော်ကာလ အတွင်း အရပ်သား ပြည်သူများ အပေါ် လေကြောင်းတိုက်ခိုက်မှု ၁၄၂၇ ကြိမ် လုပ်ဆောင်ခဲ့ပြီး အရပ်သား ၆၃၄ ဦး သေဆုံးခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေ သနအဖွဲ့က ထုတ်ပြန်သည်။ 

  • မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင်သာ ရဲစခန်း နှင့် မင်းကန်ရွာအနီး တရုတ်ဓာတ် ငွေ့ပိုက်လိုင်း အစောင့် စစ်တပ်ကို ယမန်နေ့ ညပိုင်း ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားကြောင်း ဒေသပြည်သူများက ပြောဆို သည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • KNU တပ်မဟာ ၃ နယ်မြေရှိ မူးမြို့နယ်၊ နောင်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ၂ ကြိမ် ပစ်ခတ်ခြင်းကြောင့် နေအိမ်နှင့် စာသင်​ကျောင်းတို့ မီးလောင်ပြာကျခဲ့ကြောင်း KNU−ဗဟို က ထုတ်ပြန်ထားသည်။ 

  • ကရင်နီပြည်နယ်တနေရာရှိ ကိုယ်ထူကိုယ်ထစစ်ဘေးရှောင်အလယ်တန်းကျောင်းတခုတွင် ကျောင်းသား အရေအတွက် ၂၄၆ ယောက်ရှိပြီး စာသင်ဆောင် နည်းပါးနေသည့် အတွက် စာသင်ကျောင်းဆောက်လုပ် လှူဒါန်းပေးထားကြောင်း ရှမ်းတောင်ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU)မှ သိရသည်။ 

စစ်ကောင်စီ 

  • ရွေးကောက်ပွဲကျင်းပပြီး အာဏာပြန်လွှဲနိုင်ရေး မဖြစ်မ​နေဆောင်ရွက်သွားမည်ဟု အာဏာသိမ်း စစ်ကောင်စီ​ခေါင်း​ဆောင်မင်းအောင်လှိုင်က အာမခံ​​ပြောဆိုလိုက်သည်။ 

  • ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၁) နယ်မြေ အတွင်းရှိ ကျေးရွာချင်းဆက်လမ်းများကို စစ်ကောင်စီတပ်ဖွဲ့က ဘက်ဟိုးဖြင့် ဖျက်ဆီးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများထံက သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ်အဖွဲ့ဝင်လေးဦးကိုစစ်ကောင်စီက ထောင်ဒဏ် နှစ်နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းကလေးမြို့ခံတချို့ဆီမှ သိရသည်။ 

  • အကောင်ခွန်ဦးစီးဌာနအနေဖြင့် ကုန်ပစ္စည်းရှင်းလင်းထုတ်ယူသည့် လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် Online Banking ၊ Internet Banking တို့မှ တဆင့် Online Payment စနစ်ဖြင့် မေလ ၂၃ ရက်နေ့ (ယနေ့)မှစတင်ပေးဆောင်နိုင်ပြီဖြစ်ကြောင်း အကြမ်းဖက်အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ 

  • ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးအား ပြန်လည်ပြုပြင်ထိန်းသိမ်းမှုများကို သမိုင်းမှတ်တမ်းမှတ်ရာများ၊ မြေနန်းပြသာဒ်မှတူးဖော်ရရှိသည့် ရှေးလက်ရာများအတိုင်း ဆောင်ရွက်ရန် အကြမ်းဖက်စစ်ကောင်စီကပြောသည်။ 

  • တိုင်းပြည်အတွက် ကောင်းမွန်သည့် စိတ်ဖြင့် ဆောင်ရွက်မည်ဆိုပါက မည်သူ့ကိုမဆို လက်တွဲဆောင်ရွက် သွားမည်ဟု အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောပြန်သည်။ 

မေ ၂၃ ရက် သုံးသပ်ချက် 

  • ပြည်သူများ၏ မဲဆန္ဒများကို မျက်ကွယ်ပြုပြီး မတရားအာဏာလုခဲ့သည့် အကြမ်းဖက်မင်းအောင်လှိုင်မှ ရွေးကောက်ပွဲလုပ်ပြီး အနိုင်ရပါတီကို ပြန်လွဲမည်ဟု ထပ်ပြောလာပြန်သည်။စစ်အုပ်စုမှလုပ်မည့် ရွေးကောက်ပွဲသည်လည်း အတုအယောင်သာဖြစ်၍ ပြည်သူများမှ စိတ်ဝင်စားမည်မဟုတ်ပေ။ 

  • အကြမ်းဖက်စစ်ကောင်စီမှတော်လှန်ရေးတပ်ဖွဲ့များကို မနိုင်လျှင် ပြည်သူများ၏ နေအိမ်များ ဆေးရုံများကို လေကြောင်းဖြင့်သာမက လက်နက်ကြီးများနှင့်ပါ ပစ်ခတ်တိုက်ခိုက်ကာ စစ်ရာဇဝတ်မှု ကျူးလွန်နေကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly