လေကြောင်းဗုံးကြဲမှုအပြီး မွန်ပြည်နယ် ရေးမြို့တွင် တိုက်ပွဲဆက်ဖြစ်

23 May 2023
လေကြောင်းဗုံးကြဲမှုအပြီး မွန်ပြည်နယ် ရေးမြို့တွင် တိုက်ပွဲဆက်ဖြစ်

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းတွင် တော်လှန်ရေးအဖွဲ့များ အခြေစိုက်လှုပ်ရှားနေတဲ့ ကျေးရွာများအနီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲ နှစ်ရက်ဆက် ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

 

မေလ ပထမပတ်အတွင်း ရေးမြို့နယ်မြောက်ပိုင်း ဝါပသဲကျေးရွာအနီး စစ်ကောင်စီလေတပ်က နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မူတွေကြောင့် ဝါပသဲကျေးရွာအပြင် အနီးကျေးရွာ ၅ ရွာလောက်က ပြည်သူ ၈၀၀လောက်လည်းစစ်ဘေးရှောင်ပြီးထွက်ပြေးနေရပါတယ်။ 

 

အဆိုပါနေရာအနီးတစ်ဝိုက်ကို စစ်ကောင်စီ လက်နက်ကိုင်အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး မေလ ၁၉ နဲ့၂၀ ရက်တို့မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

ဗုံးကြဲတိုက်ခိုက်ခံရပြီး စစ်ကြောင်းထိုးခံနေရသည့်နေရာဟာ မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တို့ကို ပေါင်းကာ KNU က ဝင်းရေးမြို့နယ်လို့ သတ်မှတ်ထားတဲ့ တပ်မဟာ (၆) ဒူးပလာယာခရိုင်နယ်မြေအတွင်းမှာဖြစ်ပါတယ်။

 

KNU ရဲ့  လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇)၊ PDF တပ်ရင်းတချို့ဟာဒီဒေသတွေမှာ ပူးပေါင်းလှုပ်ရှားနေတာဖြစ်ပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly