အာဏာသိမ်းစစ်တပ်နှင်မပူးပေါင်းရန် တရုတ်အစိုးရကို ရန်ကုန်တွင်လူငယ်များဆန္ဒပြ

By မောင်ခက်နွေ၊ ဂန္ဓမာ   (မဇ္ဈိမ)
23 May 2023
အာဏာသိမ်းစစ်တပ်နှင်မပူးပေါင်းရန် တရုတ်အစိုးရကို ရန်ကုန်တွင်လူငယ်များဆန္ဒပြ

အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်ပူးပေါင်းသည့်တရုတ်အစိုးရ၏ လုပ်ရပ်များကို ဆန့်ကျင် ကန့်ကွက်ကြောင်း ယနေ့ မေလ ၂၃ ရက်နေ့နံနက်ပိုင်းတွင်  တော်လှန်ရေးအင်အားစုများစုပေါင်း၍ရန်ကုန်မြို့ရှိ တံတားတစ်စင်းပေါ်၌ “China,Respect Myanmar People’s Voice!!! Stop Supporting Fascist Criminals” စာတန်းချိတ်ဆွဲကာ ဆန္ဒပြခဲ့ကြသည်။

လုံခြုံရေးတင်းကြပ်ထားသော ရန်ကုန်မြို.ရှိတံတားတစ်ခုတွင်  Kyimyindaing Networks (KMD18) နှင့်  Mayangone DemocraticFront (MDF)  တော်လှန်ရေးအင်အားစုများပူးပေါင်းပြီး ချိတ်ဆွဲဆန္ဒပြခဲ့ကြ ခြင်းဖြစ်ကြောင်းသိရသည်။

“တရုတ်အစိုးရအနေနဲ့တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကိုလိုလားမယ်၊ မြန်မာနိုင်ငံသူ/သားများရဲ့ဆန္ဒအမှန် ကို လေးစားမယ်ဆို ကျနော်တို့ရဲ့ ပြည်သူ့အစိုးရ National Unity Government of Myanmar (NUG)နဲ့ အမြန်ဆုံး တွေ့ဆုံညှိနှိုင်းဆောင်ရွက်သွားဖို့ကို ဒီနေရာကနေ လေးစားစွာဖြင့် တိုက်တွန်းတောင်းဆိုလိုက် ပါတယ်”ဟု  Kyimyindaing Networks(KMD18)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
တရုတ်အစိုးရအနေဖြင့် အာဏာသိမ်းစစ်တပ်ကိုထောက်ခံပြီးလူသတ်အကြမ်းဖက်မှုများကို ဆက်လက် အားပေးနေပါက တရုတ်အစိုးရကိုလည်း လူသတ်အားပေး တရားခံအဖြစ် သတ်မှတ်မည်ဖြစ်ကာ တရုတ် သည်မြန်မာပြည်သူတရပ်လုံး၏ “ဘုံရန်သူ” စာရင်းဝင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

“တရုတ်အစိုးရအနေနဲ့ မြန်မာပြည်သူတွေရဲ့အသံကိုလေးစားစေချင်တယ်၊ လူမျိုးတုန်းသတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်ကိုလုံးဝ(လုံးဝ)မထောက်ပံ့ဖို့ပြောချင်ပါတယ်၊ အကြမ်းဖက်အားပေးဆိုအကြမ်းဖက် သမားအဖြစ် မြန်မာပြည်သူများကသတ်မှတ်မှာဖြစ်ပြီး မြန်မာပြည်သူအားလုံးရဲ ဘုံရန်သူဖြစ်သွားပါလိမ့် မယ်” ဟု MDFသတင်းနှင့်ပြန့်ကြားရေး အဖွဲ့ဝင်တစ်ဦးကလည်း မဇ္ဈိမကို ပြောသည်။ 

လက်ရှိအချိန်ထိ အာဏာသိမ်းစစ်ကောင်စီသည် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ သံဃာ တော်များ၊ ကျောင်းသူကျောင်းသားများနှင့်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထောင်သွင်း အကျဉ်းချထားပြီး မေလ ၂၂ရက်အထိ လူပေါင်း ၂၂,၆၂၄ ဦး ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရကြောင်း နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ သိရသည်။
 
စာတည်း။    ။နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required