အမေရိကန်ဌာနေတိုင်းရင်းသား မျိုးနွယ်စု ၅၆၂ ခုရဲ့ မှတ်တမ်း | VOA On Mizzima

အမေရိကန်ဌာနေတိုင်းရင်းသား မျိုးနွယ်စု ၅၆၂ ခုရဲ့ မှတ်တမ်း | VOA On Mizzima

အမေရိကန် ဌာနေတိုင်းရင်းသူ ဓာတ်ပုံဆရာမ Matika Wilbur ဟာ ပြည်ထောင်စုက အသိအမှတ်ပြုထားတဲ့ ဌာနေတိုင်းရင်းသား မျိုးနွယ်စု ၅၆၂ ခုစလုံးကို မှတ်တမ်းတင်နိုင်ရေး ရည်ရွယ်ချက်နဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်က စလို့ ခရီးစဉ် အစီအစဉ်ကို စတင်ခဲ့တာပါ။ ဌာနေ အမေရိကန်တွေ အပေါ် လူတွေရဲ့  အမြင် သဘောထားကို ပြောင်းလဲနိုင်ရေး ရည်ရွယ်ပြီး သူမရဲ့ နှစ်နဲ့ချီ ဆောင်ရွက်ချက်တွေကို စာအုပ်ထုတ်ဝေပါတယ်။ သူမ နေရပ်ရင်း ဝါရှင်တန် ပြည်နယ်မှာ လှည့်လည်ပြီး စာအုပ်သစ်ကို မိတ်ဆက်ပါတယ်။ Seattle ကနေ ဗွီအိုအေ သတင်းထောက် Natasha Mozgovaya ပေးပို့တဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် တင်ဆက်ထားပါတယ်။  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly