မိုခါဆိုင်ကလုန်းမုန်တိုင်းဖြတ်သွားရာ အညာဒေသက ပျက်စီးဆုံးရှုံးမှုများ

By MTO (မဇ္ဈိမ)
22 May 2023
မိုခါဆိုင်ကလုန်းမုန်တိုင်းဖြတ်သွားရာ အညာဒေသက ပျက်စီးဆုံးရှုံးမှုများ

မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ မေလ ၁၄ ရက်နေ့မှာ ရခိုင်ကမ်းရိုးတန်းကတစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်တိုက်ခတ်သွားပါတယ်။

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ ပျက်စီးဆုံးရှုံးမှုနဲ့ လူသေဆုံးတာတွေ ရှိပါတယ်။

မုန်တိုင်းဖြတ်သွားရာလမ်းကြောင်းထဲပါတဲ့ အညာဒေသမှာလည်း ပျက်စီဆုံးရှုံးမှုတွေနဲ့

ကြုံတွေ့ကြရတာ ဖြစ်ပါတယ်။

မုန်တိုင်းရဲ့နောက်ဆက်တွဲအနေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသတွေမှာလည်း နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာရွာသွန်းကာ ချောင်းရေလျှံတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းမှာတော့ မိုး ရက်ဆက်ရွာသွန်းပြီး ချောင်းရေလျှံလို့ စိုက်ပျိုးမြေ ဧက ၄၂,၃၀၀

အထိ ရေမြုပ် ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ထားပါတယ်။

ခင်ဦးမြို့နယ်မှာ ဧက ၁၀,၀၀၀ နီးပါး ရေမြုပ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုအနေနဲ့ သိန်းထောင်ချီရှိခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း MTO

တင်ဆက် ၊ တည်းဖြတ် MTO

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly