ချင်းအမျိုးသားအာဇာနည်နေ့အခမ်းအနား CNO ဌာနချုပ်တွင် ကျင်းပ

By ပါခွီး (မဇ္ဈိမ)
22 May 2023
ချင်းအမျိုးသားအာဇာနည်နေ့အခမ်းအနား CNO ဌာနချုပ်တွင် ကျင်းပ

(၂)နှစ်မြောက် ချင်းအမျိုးသားအာဇာနည်နေ့အခမ်းအနားကို မေလ ၂၁ ရက်နေ့က ချင်းအမျိုးသား အဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်မတော် CNO/CNDF ဌာနချုပ်၌ ကျင်းပခဲ့ကြောင်းသိရသည်။

မတူညီသော အချိန် ၊ ခုနှစ်၊ နေရာများတွင် ကျဆုံးခဲ့သော ချင်းအမျိုးသား အာဇာနည်သူရဲကောင်းများကို အတူတကွ ဂုဏ်ပြုနိုင်ရန်အတွက် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်များထဲမှ ပထမဦးဆုံး အသက် ပေးခဲ့သည့် ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့ကို ချင်းအမျိုးသား အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း CNO/CNDF က ထုတ်ပြန်ထားသည်။

ချင်းအမျိုးသားအဖွဲ့ချုပ်စိုးမိုးနယ်မြေများ၌ ရုံးပိတ်ရက်သတ်မှတ်ခြင်း၊ အလံတဝက်လွှင့်ထူခြင်း၊ ဆု တောင်းအောက်မေ့ပွဲများ ကျင်းပခြင်း၊ ကျဆုံးအာဇာနည်များအတွက်ရည်စူး၍ ကောက်ခံသော အလှူငွေ များ ပေးအပ်ခြင်းနှင့် အာဇာနည်များကို ဂုဏ်ပြုအလေးပြုခြင်းများပြုလုပ်ကြကြောင်း

ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဝေဟင်ရန်ကိုသတိပြုနေရတဲ့အတွက် ခမ်းခမ်းနားနားကြီးတော့ မလုပ်ဖြစ်ပါဘူး။ ဌာနချုပ်နဲ့

တပ်ရင်း တပ်ဖွဲ့တွေမှာ အာဇာနည်သူရဲကောင်းအတွက် အလံတဝက်ချ လွှင့်ထူတယ်၊ ဂုဏ်ပြုအလေးပြုခြင်းနဲ့ အောက်မေ့ဆုတောင်း ဝတ်ပြုခြင်းပြုလုပ်ခဲ့ပါတယ်”ဟု CNO/CNDF

ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ကျုံးငိုင်းက မဇ္စျိမကို ပြောသည်။

တိုင်းပြည်နှင့် လူမျိုးအတွက် ပေးဆပ်သူများ၊ ကျဆုံးရဲဘော်များကို ဘယ်သောအခါမျှ မေ့ပျောက်ခြင်း မရှိ ဘဲ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ အလေးနီပြုကြောင်း ၎င်းက ပြောသည်။

အာဇာနည်များပေးဆပ်ခဲ့သည့် သွေးမြေကျ၊ ချွေးမြေခရမှုများ အလဟဿမဖြစ်ရစေဘဲ ချင်းအမျိုးသား တန်းတူညီမျှမှု ၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ပြီး အာဏာရှင်စနစ် ပျက်သုဉ်းသည်အထိ ဆက်လက်တိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်း သူရဲကောင်းနာမည်များကိုတိုင်တည်သစ္စာပြုသည်ဟု ဆလိုင်းကျုံးငိုင်းက ဆို သည်။

နွေဦးတော်လှန်ရေးနှင့်အတူ ပြန်လည်နိုးထလာသော အမျိုးသားရေးစိတ်ဓါတ်ကိုအခြေခံ၍

CNO/CNDF ဖွဲ့စည်းထူထောင်ပြီးနောက်ပိုင်း အမျိုးသားရေးတာဝန်ထမ်းဆောင်ရင်း အသက်ပေးခဲ့သူ ၃၂ ဦး ရှိပြီဖြစ် ကြောင်း သိရသည်။

ချင်းအမျိုးသားအဖွဲ့ချုပ်၏ (၂)နှစ်မြောက် ချင်းအမျိုးသား အာဇာနည်နေ့တွင် အနယ်နယ်အရပ်ရပ်တွင် ရောက်ရှိနေသာ ချင်းအမျိုးသာပြည်သူများအနေဖြင့် ကျဆုံးသူရဲကောင်းများကိုဂုဏ်ပြုရင်း

အမျိုးသား ရေးတာဝန်များကို ပြန်လည်အောက်မေ့သတိရစေရန်အတွက်အထူးတိုက်တွန်းလိုက်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ချင်းပြည်ရှိ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ အမျိုးသားရေးအတွက် အသက်ပေးခဲ့ကြသူများ၊ နွေဦး တော်လှန်ရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်းများ မပေါ်ပေါက်မီက အသက်ပေးခဲ့ကြသော ပြည်မ၊ တောင်တန်းမှ ချင်းအမျိုးသား အာဇာနည်သူရဲကောင်းများအား အမှတ်တရဂုဏ်ပြုရန်အတွက် ချင်းအမျိုး သားအာဇာနည်နေ့ကို မေလ ၂၁ ရက်နေ့အဖြစ် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က သတ်မှတ်ခဲ့ ခြင်းဖြစ် သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#ချင်းပြည်နယ်

#CNO/CNDF

#ချင်းအမျိုးသားအာဇာနည်နေ့

(၂)နှစ်မြောက် ချင်းအမျိုးသား အာဇာနည်နေ့ အထိမ်းအမှတ် အလံတစ်ဝက်လွှင့်ထူ ထားစဉ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly