၀န်ကြီးချူပ်နေရာကို မရသဖြင့် ရခိုင်အမျိုးသားပါတီက လွှတ်တော်တွင် ဆန္ဒပြ

၀န်ကြီးချူပ်နေရာကို မရသဖြင့် ရခိုင်အမျိုးသားပါတီက လွှတ်တော်တွင် ဆန္ဒပြ

စစ်တွေ၊ မတ် ၂၈ ရက် ။ ။ ရခိုင်ပြည်နယ် ဝန်ကြီးချူပ်နေရာကို အမျိုးသား ဒီမိုကရေစီချူပ် NLD က ဦးညီပုကို ခန့်အပ်ဖို့ ဒီကနေ့ မတ်လ ၂၈ ရက်နေ့မှာ ပြုလုပ်တဲ့ ဒုတိယအကြိမ်မြောက် ပြည်နယ်လွှတ်တော် ပုံမှန် အစည်းအဝေး ပဉ္စမမြောက်နေ့ကို ရခိုင်အမျိုးသားပါတီက ဆန္ဒပြ သပိတ်မှောက်ခဲ့ကြပါတယ်။

အစည်းအဝေးကို နံနက် ၉ နာရီခွဲမှာ စတင်မှာ ဖြစ်ပေမယ့် လွှတ်တော် ဥက္ကဌများ ဖြစ်ကြတဲ့ ရခိုင်အမျိုးသားပါတီ
ကိုယ်စားလှယ် ဦးစံကျော်လှနှင့် ဦးဖိုးမင်းတို့က လာရောက်ခဲ့ခြင်း မရှိသလို၊ ရခိုင်အမျိုးသားပါတီရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအားလုံးက ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အမည်းရောင်စတစ်ကာ ကမ်ပိန်း (Black Sticker Campagin) ကို ပြုလုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် နံနက် ၁၀ နာရီ ၄၅ မိနစ်မှာတော့ ရခိုင်အမျိုးသားပါတီရဲ့ ကိုယ်စားလှယ်များ အားလုံးဟာ အစည်းအဝေးခန်းမဆောင်ကနေ ထွက်ခွာသွားခဲ့ကြပြီး လွှတ်တော်ခန်းမထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၊ ပြည်ခိုင်ဖြိုးနှင့် တပ်မတော်သား ကိုယ်စားလှယ်များသာ ကျန်ရစ်ခဲ့ပါတယ်။

ရခိုင်အမျိုးသားပါတီက ဇန်နဝါရီ ၁၉ ရက်နေ့စွဲနှင့် ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အရ ဝန်ကြီးချူပ်နေရာကို ANP က ခန့်အပ်မှု မပြုရင် အစိုးရအဖွဲ့ကို အတိုက်အခံလုပ်မယ့် ရပ်တည်ချက်ကို ဆက်လက်စွဲကိုင်သွားမှာ ဖြစ်ကြောင်း မနေ့က မတ်လ ၂၈ ရက်နေ့မှာ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်ပြည်စိုးက မဇ္ဈိမကို အတည်ပြု ပြောကြားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags