မဇ္ဈိပရိသတ်များ အားလုံး မင်္ဂလာပါရှင်။
သတင်းတု/မှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ကျမကတော့ ဂျူချန်းပါ။
ဒီတပတ်မှာတော့
-မိုခါမုန်တိုင်းကြောင့် ထွက်ပေါ်လာတဲ့ ပုံဟောင်းနဲ့ ဗီဒီယိုဖိုင်အဟောင်း တွေအကြောင်းအပါအဝင်
-ကျားဖြူစစ်ကြောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် PDF ၃၀ ခန့် သေဆုံးလို့ ဖြန့်ဝေနေကြတဲ့ သတင်းမှား
-ပြုပြင်ထားတဲ့ပုံနဲ့ ဂရမ်မီဆုရှင် စလင်းဒီယွန် ဆေးရုံတက်နေဟန် ရေးသားထားဖော်ပြထားတဲ့ သတင်းမှားစတဲ့ တစ်ပတ်အတွင်းမှာ ဖော်ထုတ်ခဲ့တဲ့ သတင်းတု သတင်းမှားတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
သတင်းအမှားများကိုတိုက်ဖျက်ခြင်း (Misinformation Busters) အခြားအပိုင်းများကို ဆက်လက်ကြည့်ရှုရန်