ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ ပန်းခြံတွင် ပေါက်ကွဲမှုဖြစ်၍ လူ ၆၉ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ ပန်းခြံတွင် ပေါက်ကွဲမှုဖြစ်၍ လူ ၆၉ ဦးသေဆုံး

လာဟိုး၊ မတ် ၂၈ ။           ။ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ အများပြည်သူ့ပန်းခြံတွင် ပေါက်ကွဲမှုဖြစ်၍ လူပေါင်း ၆၉ ဦးသေဆုံးကာ ဒဏ်ရာရသူများစွာရှိခဲ့သည်။

အီစတာပွဲတော်အတွက် ပန်းခြံတွင် မိသားစုများဖြင့် လူစည်ကားနေချိန် ပေါက်ကွဲမှုဖြစ်ခြင်းဖြစ်သည်။ သေဆုံးဒဏ်ရာရရှိသူအများစုက အမျိုးသမီးများနှင့် ကလေးများဖြစ်ကြသည်။

ပေါက်ကွဲမှုမှာ အသေခံဗုံးခွဲမှုဖြစ်ဖွယ်ရှိကြောင်း ရဲက ပြောသည်။ ပါကစ္စတန် တာလီဘန်လက်ခွဲအဖွဲ့တစ်ဖွဲ့က ယခုပေါက်ကွဲမှုအား ၎င်းတို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကြေညာသည်။

မတ် ၂၇ ရက် ညနေပိုင်းကဖြစ်ပွားသည့် ယင်းပေါက်ကွဲမှုကြောင့် နယ်မြေအတွင်းရှိ ဆေးရုံအားလုံး အရေးပေါ်လုပ်ငန်းများ လုပ်ဆောင်နေရသည်။

ပန်းခြံရှိ ဝင်ပေါက်ကြီးတွင် ပေါက်ကွဲမှုဖြစ်ခဲ့ဖွယ်ရှိပြီး ကလေးများ ကစားရာနေရာနှင့်လည်း နီးသည်။

ပေါက်ကွဲချိန်တွင် ပန်းခြံအတွင်း ကြောက်လန့်တကြားထွက်ပြေးကြကြောင်း၊ လူအုပ်ပြိုမှုဖြစ်ကာ ကလေးများလည်း မိဘများနှင့် တကွဲတပြားဖြစ်ခဲ့ကာ အားလုံး အသက်လုထွက်ပြေးကြကြောင်း မျက်မြင်တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly