မလေးရှားနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာရွှေ့ပြောင်းများ ဖမ်းဆီးခံရ

By The Sun Daily
22 May 2023
မလေးရှားနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာရွှေ့ပြောင်းများ ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ကီလန်တန်ပြည်နယ် ပက်ဆီရ် မက်စ် ခရိုင် ကမ်ပေါင် ကူဘန်း ဘင်ဂျိုင် အရပ်တွင် မေလ ၂၀ ရက်က ဆီအုန်းခြံတစ်ခြံ၌ အမျိုးသမီးတစ်ဦး အပါအဝင် မြန်မာနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းအခြေချသူ ရှစ်ဦးကို မလေးရှားရဲများက ဖမ်းဆီးခဲ့သည်ဟု သိရသည်။

သတင်းပေးမှုအရ ရဲများက သွားရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံမှ လာသည့် ရှစ်ဦးစလုံးသည် ခိုင်လုံသည့် တရားဝင် စာရွက်စာတမ်း အထောက်အထားများ ပြသနိုင်ခြင်း မရှိကြောင်း ပက်ဆီရ် မက်စ် ခရိုင် ရဲတပ်ဖွဲ့အကြီးအကဲ ကာမာ အဇူရယ် မိုဟာမက်က ပြောသည်။

“သူတို့ဟာ စက်လှေနဲ့ မလေးရှားနိုင်ငံထဲ တရားမဝင် ဝင်ခဲ့ကြတယ်လို့ ဝန်ခံခဲ့ကြပါတယ်။ သူတို့ဟာ ကွာလာလမ်ပူကို ဦးတည်သွားဖို့ စီစဉ်ခဲ့ကြတယ်လို့ ဆိုပါတယ်” ဟု ၎င်းက မေ ၂၁ ရက် ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ရှစ်ဦးစလုံးကို နှစ်ပတ်ကြာ ချုပ်မိန့်ပေးထားပြီး ထိုအမှုကို မလေးရှား လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ၁၉၅၉/၆၃ ၊ ပုဒ်မ ၅၁(ဂ) အောက်တွင် စစ်ဆေးလျက်ရှိသည်ဟု သိရသည်။

Cops arrest Myanmar illegals in oil palm smallholding
https://www.thesundaily.my/local/cops-arrest-myanmar-illegals-in-oil-pal...
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required