ဆားလင်းကြီးမြို့နယ် ယမားချောင်းဘေး ကျေးရွာများ ရေဘေးကြုံနေ

By KMN (မဇ္ဈိမ)
21 May 2023
ဆားလင်းကြီးမြို့နယ် ယမားချောင်းဘေး ကျေးရွာများ ရေဘေးကြုံနေ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ၊ယမားချောင်းဘေးက ကျေးရွာတွေ ရေဘေးကြုံနေတာကြောင့် ကူညီမှုတွေပေးနေရတယ်လို့ ဒေသခံတွေက မဇ္ဈိမ ကိုပြောပါတယ်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ကြောင့် ဆားလင်းကြီးမြို့နယ်၊တောင်ယမားချောင်းဘက်က ကျေးရွာ ၁၂ ရွာ၊မြောက်ယမားချောင်းဘက်က ကျေးရွာ သုံးရွာ စုစုပေါင်းကျေးရွာ ၁၅ ရွာလောက် မုန်တိုင်းဒဏ်နဲ့အတူ ရေဘေးကြုံတွေ့ခဲ့ရတယ်လို့ ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်က ပြောပါတယ်။

ရေဘေးကြောင့် ယမားချောင်း ဘေးရွာတွေရဲ့ လမ်းတံတား၊ နေအိမ်၊ စပါးကျီနဲ့ သိုလှောင်ထားတဲ့ သီးနှံတွေပျက်စီးခဲ့သလို နွား၊သိုး၊ဆိတ် အများအပြား သေဆုံးခဲ့ပြီး စိုက်ခင်းဧကများစွာ ပျက်ဆီးဆုံးရှုံးခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့အတူ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊လက်ပံတောင်းတောင်ပင်မသပိတ်၊မုံရွာအမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီနဲ့ အမျိုးသမီးမဟာမိတ်အင်အားစုတို့က ပျက်စီးဆုံးရှုံးမှု စာရင်းကောက်ယူနေပြီး ကူညီမှုတွေပြုလုပ်နေကြတယ်လို့သိရပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima

#ဆားလင်းကြီး

#ယမားချောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly