အသက်ဝင်လာတဲ့ ကံပိုင်တည် နယ်စပ် ကုန်သွယ်ရေးဇုန် (ရုပ်/သံ)

By အဂမ် (မဇ္ဈိမ)
21 May 2023
အသက်ဝင်လာတဲ့ ကံပိုင်တည် နယ်စပ် ကုန်သွယ်ရေးဇုန် (ရုပ်/သံ)

တရုတ် - မြန်မာနယ်စပ် ကချင်ပြည်နယ် ကချင်အထူးဒေသ(၁)မှာ ပါဝင်နေတဲ့ နယ်စပ်စီးပွါးရေးဇုန်တစ်ခုဖြစ်တဲ့ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးဇုန်မှာ စီမံကိန်းတွေ အသက်ဝင်လာကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့မှာ စစ်ကောင်စီက ခန့် ထားတဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ကုန်သွယ်ရေးဇုန်ကို လုပ်ခွင့်ရတဲ့ တာဝန်ရှိသူတွေဟာ ကချင်ပြည်နယ်အစိုးရ အဖွဲ့ရုံးမှာပဲ စီမံကိန်းဆိုင်ရာ သဘောတူညီမှုစာချွန်လွှာ (Memorandum of Agreement - MoA) စာချုပ်မူကြမ်း အချက်တွေအပေါ် ညှိနှိုင်း ဆွေးနွေးခဲ့ကြတယ်လို့ အမည်မဖော်လိုတဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး သတင်းရင်းမြစ်တွေက မဇ္ဓျိမကိုပြောပါတယ်။

ဒီနယ်စပ်ကုန်သွယ်ရေးဇုန် စီမံကိန်းက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် တရုတ် - မြန်မာစီးပွားရေးစင်္ကြံ (CMEC) အောက်မှာ ဦးစားပေးအဖြစ် အကောင်အထည်ဖော်ဖို့ အစောဆုံး ထည့်သွင်းခံထားရတဲ့ နယ်စပ်စီးပွားရေး စီမံကိန်း တစ်ခုလည်း ဖြစ်ပါတယ်။

လက်နက်ကိုင်များနဲ့ပတ်သက်နေတဲ့ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး မဇ္ဓျိမရဲ့ မြေပြင်အဖွဲ့က သက်ဆိုင်ရာအဖွဲ့အစည် အသီးသီးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းတော့ မရှိသေးပါ။

လက်ရှိအချိန်ထိ စီမံကိန်းနဲ့ပတ်သက်တဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ လေ့လာဆန်းစစ်ထားတဲ့ စစ်တမ်း၊ လူမှု့ဘ၀ ထိခိုက်မှုလေ့လာဆန်းစစ်မှုစစ်တမ်းတွေကို ပြုလုပ်ထားတာ မရှိသေးပါဘူး။ အသက်ဝင်လာတဲ့ ကံပိုင်တည်နယ်စပ်ကုန်သွယ် ရေးနဲ့ပတ်သက်တဲ့ အချက်အလက်များကို ဒေသခံပြည်သူများအပြင် ကချင်လူထုကပါ စီမံကိန်းပါ အချက်အလက်ကို မသိရှိကြရသေးတဲ့အကြောင်း မဇ္ဈိမရဲ့ မြေပြင်သတင်းအဖွဲ့က စုံစမ်း ရရှိထားပါတယ်။

ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးဇုန်နဲ့ပတ်သက်ပြီး အပြည့်အစုံကို မဇ္ဈိမ ကတင်ဆက်ထားပါတယ်။

#Mizzima

#ကချင်ပြည်နယ်

#ကံပိုင်တည်

#နယ်စပ်ကုန်သွယ်ရေးဇုန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly