လုံလောက်တဲ့ ဆေးကုသမှုမရတာကြောင့် NLD အမတ် ၁၆ ဦး သေဆုံး

By မောင်ခက်နွေ(မဇ္ဈိမ)
20 May 2023
လုံလောက်တဲ့ ဆေးကုသမှုမရတာကြောင့် NLD အမတ် ၁၆ ဦး သေဆုံး

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ယနေ့အချိန်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်တွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးခဲ့ရာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ဦးရေ ၁၃၀ နီးပါး ဖမ်းဆီးခံထားရပါတယ်။

အဲ့ထဲကမှ ၁၆ ဦးဟာ ထောင်အတွင်း ဒါမှမဟုတ် ထွက်ပြေးတိမ်းရှောင်ရင်း အသက်ဆုံးရှုံးခဲ့ရတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က မေလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ထွက်ပြေးတိမ်ရှောင်နေရသူတွေထဲက ၁၄ ဦးနဲ့ ထောင်တွင်း အကျဉ်းကျခံ နေရသူတွေထဲက နှစ်ဦး၊ စုစုပေါင်း ၁၆ ဦးဟာ လုံလောက်တဲ့ ဆေးကုသမှုမရတာကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima

# NLD အမတ် ၁၆ ဦး သေဆုံး

##CRPF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly