ကနီမြို့နယ်မှ စစ်ဘေးရှောင် ၁၀,၀၀၀ကျော်အတွက် အမိုးအကာနဲ့ အခြေခံဆေးဝါးများ အရေးပေါ်လိုအပ်နေ ( ရုပ်သံ)

By ကိုခင်မောင်(မဇ္ဈိမ)
20 May 2023
ကနီမြို့နယ်မှ စစ်ဘေးရှောင် ၁၀,၀၀၀ကျော်အတွက် အမိုးအကာနဲ့ အခြေခံဆေးဝါးများ အရေးပေါ်လိုအပ်နေ ( ရုပ်သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က စစ်ဘေးရှောင် ၁၀,၀၀၀ကျော်အတွက် မိုးကာတဲတွေနဲ့ အခြေခံဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ စဒေသခံတွေထံကနေ သိရပါတယ်။

ကနီမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၁၀,၀၀၀ကျော်ဟာ မေလ ၁၂ ရက်မနက်အစောပိုင်းကတည်းက မိုးထဲလေထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

မိုးထဲရေထဲမှာ စစ်ဘေးတိမ်းရှောင်နေရတဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေရဲ့ ကျန်းမာရေးအတွက် အထူးစိုးရိမ်နေရတယ်လို့ ကနီဒေသခံတစ်ဦးကပြောပါတယ်။

စစ်ဘေးတိမ်းရှောင်နေကြရတာဟာ ဒီကနေ့ မေလ၂၀ရက်နေ့အထိဆိုရင် ၁၀ရက်နီးပါးရှိနေပြီဖြစ်ပါတယ်။ မိုးရာသီကာလဖြစ်တာကြောင့် နေ့တိုင်းလိုလို မိုးကလည်းတောက်ရှောက်ရွာနေလို့ မိုးကာတွေ အရေးပေါ်လိုအပ်တယ်လို့လည်း စစ်ဘေးရှောင် ကိုလွမ်းမိုးကပြောပါတယ်။

တင်ဆက်- KimMung

ရုပ်သံတည်းဖြတ်- Thant Sin

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly