"မွန်းလွဲ ညနေပိုင်းတွေမှာ မိုးကြိုးပစ်မယ့် အန္တရာယ်ကို ပိုသတိထားရမယ်" (ရုပ်/သံ)

By KMN (မဇ္ဈိမ)
19 May 2023
"မွန်းလွဲ ညနေပိုင်းတွေမှာ မိုးကြိုးပစ်မယ့် အန္တရာယ်ကို ပိုသတိထားရမယ်" (ရုပ်/သံ)

မြန်မာနိုင်ငံတွင် မိုးကြိုကာလ ဧပြီလ၊ မေလနှင့် မိုးနှောင်းကာလ အောက်တိုဘာလ၊ နိုဝင်ဘာလ များတွင် မုန်တိုင်းဝင်ရောက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ မိုးကြိုးအန္တရာယ်များကို နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည်။

မေလ ၁၄ ရက်နေ့မှာ ရခိုင်ကမ်းရိုးတန်း၊ ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်မှတစ်ဆင့် ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့သည့် မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူနေအဆောက်အအုံများစွာပျက်စီးကာ လူသေဆုံး ပျောက်ဆုံးမှုများ ရှိနေသည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့မှာ မကွေးတိုင်း၊ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် နွားကျောင်းနေသည့် သားအဖနှစ်ဦး မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသွားခဲ့သည်။

ထို့အပြင် မေလ ၁၆ ရက်နေ့၊ညနေ ပိုင်းမှာလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်၊ ချပ်ကုန်းရွာမှ အသက်၂၄ နှစ်အရွယ် အမျိုးသားတစ်‌ဦး မိသားစုနှင့်အတူ စစ်ရှောင်တဲတွင်နေထိုင်စဉ် မိုးကြိုးပစ်ခံရ၍ သေ‌ဆုံးသွားကြောင်း သိရသည်။

မိုးကြိုးအများဆုံးပစ်သည့် အချိန်သည် တစ်နေ့တာအတွင်း မွန်းတည့်ချိန်မှစ၍ ညနေ ၆ နာရီခန့်အတွင်းဖြစ်ပြီး မွန်းလွဲ ညနေပိုင်းများတွင် မိုးကြိုးပစ်မည့် အန္တရာယ်ကို ပိုသတိထားသင့်ကြောင်း မိုး/ဇလဌာနနှင့် မိုးလေဝသခန့်မှန်းသူများက မဇ္ဈိမကိုပြောသည်။

အပြည့်အစုံကို မဇ္ဈိမရုပ်သံသတင်းထောက် KMN ကတင်ဆက်ထားသည်။

#Mizzima

#မိုးကြိုးအန္တရာယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly