အရေးကြုံလာရင် အသံကောင်း ထဟစ်ပြီး လက်တွေ့မလုပ်တဲ့ စစ်ကောင်စီ

အရေးကြုံလာရင် အသံကောင်း ထဟစ်ပြီး လက်တွေ့မလုပ်တဲ့ စစ်ကောင်စီ

ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဦးတည်ဝင်ရောက်လာတဲ့ အားပြင်းဆိုင်ကလုံး မိုခါကြောင့် သေဆုံးသူ ဦးရေ ၁၈ ဦးအထိ ရှိလာပြီလို့ အမျိုးသားညီညွတ်ရေး အစိုးရ - NUG က ကြေညာထားပြီး စစ်ကိုင်းတိုင်းမှာ စိုက်ပျိုးဧက ၃၁၀၀၀ ကျော် ရေမြုပ်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ဆိုင်ကလုံးမုန်တိုင်း မိုခါကြောင့် စစ်တွေမှာ ၅ ဦး သေဆုံးတယ်ဆိုတာကိုပဲ ကြေညာထားပါတယ်။

စစ်တွေမှာ ၅ ဦးသေဆုံးတယ်ဆိုတာ ကနဦးရရှိတဲ့ သတင်းသာဖြစ်ပြီး ဒေသခံတွေကတော့ ဒီထက်မက ဒီထက်မက သေဆုံးသူ တိုးလာနိုင်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်ရဲ့ တချို့ဒေသတွေမှာ အင်တာနက်လိုင်းတွေ ဖြတ်ထားတဲ့အပြင် ဖုန်းလိုင်းတွေလည်း မမိတဲ့ အတွက် ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင် စတဲ့ဒေသတွေက ပျက်စီးဆုံးရှုံးမှုနဲ့ လူသေဆုံးမှုတွေကို စုံစမ်းလို့ မရကြသေးပါဘူး။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly