ရခိုင်ကမ်းရိုးတန်းကို ဦးတည်တိုက်ခိုက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ရာနဲ့ချီပြီး သေဆုံးခဲ့ရတယ်လို့ မြေပြင်မှာရောက်နေသူတွေက ပြောပါတယ်။
မေလ ၁၄ ရက်နေ့မှာ တိုက်ခိုက်ခဲ့တဲ့ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးခဲ့ရတဲ့ ရိုဟင်ဂျာအလောင်း ၁၁၀ ဝန်းကျင်ကိုသင်္ဂြိုဟ်ပြီးစီးခဲ့ပြီး လူ ၃၀၀ ဝန်းကျင်ပျောက်ဆုံးနေတုန်းလို့ မြန်မာမွတ်စ်လင်မ် တော်လှန်ရေးအင်အားစုက မေလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ ၂၀၁၇ ခုနှစ်လောက်ကတည်းကနေ လက်ရှိအချိန်ထိ လွတ်လပ်စွာ သွားလာခွင့်မရှိခဲ့မှုတွေ၊ ပညာရေးကန့်သတ်ခံထားရမှုတွေအပြင် ကြိုတင်ရွှေ့ပြောင်းခွင့်လည်း မရတာ ကြောင့် အသေအပျောက်များခဲ့ရတာလို့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ အပြည့်အစုံကို သတင်းထောက် မောင်ခက်နွေက တင်ပြထားပါတယ်။
တည်းဖြတ်၊ တင်ဆက် ။။ မောင်ခက်နွေ
စာတည်း ။ ။ Alden