ဒီပဲယင်းမြို့နယ်တွင် ပဲတီစိမ်း ဧကထောင်ချီ ရေနစ်မြုပ်ပျက်စီး (ရုပ်/သံ) 

By KMN (မဇ္ဈိမ)
18 May 2023
ဒီပဲယင်းမြို့နယ်တွင် ပဲတီစိမ်း ဧကထောင်ချီ ရေနစ်မြုပ်ပျက်စီး (ရုပ်/သံ) 

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်မှာ မိုခါဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်စဉ် ရွာသွန်းခဲ့ တဲ့မိုးကြောင့်  ပဲတီစိမ်းဧကထောင်ချီပြီး ရေနစ်မြုပ်ပျက်စီးခဲ့ပါတယ်။

ပဲတီစိမ်းစိုက်ခင်းတွေဟာ ရက်ရှည်မုန်တိုင်းမိုးကြောင့် အပင်တွေရေမြုပ်ပြီး အသီးတွေပုတ်ကုန်တာ ကြောင့် ကျပ်သိန်းထောင်ချီ ဆုံးရှုံးခဲ့ကြရပါတယ်။ 

ရိတ်သိမ်းခါနီး တစ်ရက်နှစ်ရက်အလိုမှာ မုန်တိုင်းဝင်ရောက်ခဲ့တာဖြစ်ပြီး မေလ ၁၇ ရက်နေ့အထိ စိုက်ခင်း တွေ ရေနစ်မြုပ်နေတုန်းပဲလို့ ကွင်းဆင်းလေ့လာခဲ့တဲ့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက် ရေးအဖွဲ့တာဝန်ခံက မဇ္ဈိမကိုပြောပါတယ်။

စစ်ကောင်စီတပ်တွေ ကျေးရွာတွေကို ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်တဝိုက် ကတောင်သူတွေ သိုလှောင်ထားတဲ့ စပါးတင်းထောင်ချီပြီး မီးလောင်ဆုံးရှုံးခဲ့ရပါသေးတယ်။  

တင်ဆက်၊တည်းဖြတ် - KMN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly