မြန်မာတိုက်ပွဲများကြောင့် အရှေ့တောင်အာရှ စီးပွားရေးစင်္ကြံ အပြီးမသတ်နိုင်

မြန်မာတိုက်ပွဲများကြောင့် အရှေ့တောင်အာရှ စီးပွားရေးစင်္ကြံ အပြီးမသတ်နိုင်
Photo-AFP

ထိုင်းနှင့် နယ်စပ်အနီးတွင် တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် မဲခေါမြစ်ဝှမ်းနိုင်ငံများကြား ကုန်သွယ်ရေး မြှင့်တင်ရန် ရည်ရွယ်သည့် အကြီးစား စီးပွားရေး ဖွံ့ဖြိုးမှုစီမံကိန်းကြီးတစ်ရပ် တန့်ရပ်လျက် ရှိနေသည်။

မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့်် ဗီယက်နမ်တစ်လွှား ကီလိုမီတာ ၁၇၀၀ ခန့် ရှည်လျားသည့် “အရှေ့-အနောက် စီးပွားရေးစင်္ကြံ”သည် လွန်ခဲ့သည့်နှစ်နှစ် အစိုးရထံမှ စစ်တပ်က အာဏာသိမ်းပြီး တိုက်ပွဲများ မဖြစ်ပွားခင်က အပြီးသတ်လုနီး ရှိခဲ့သည်။ တိုက်ပွဲများမှာလည်း မကြာခင် ပြီးဆုံးသွားမည့် အရိပ်အယောင် မရှိပေ။

“ဧပြီလအတွင်းမှာ ရုတ်ခြည်းဆိုသလိုပဲ ထရပ်ကားတွေနဲ့ ကားမောင်းသမားတွေ ရှာဖို့ အတော်လေး ခက်လာတယ်”ဟု ထိုင်းနှင့် မြန်မာကြား လည်ပတ်နေသော မြေပြင် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု ဂျပန်ကုမ္ပဏီတစ်ရပ်မှ အလုပ်သမားတစ်ဦးက ပြောသည်။ ပစ္စည်းတင်ပို့မှု ကုန်ကျစရိတ်များသည် မတ်လမှ စတင်ကာ ၅၀ ရာခိုင်နှုန်း ထိုးတက်သွားသည်။

အဆိုပါ စီမံကိန်းကြီးအတွက် အဓိက ပင်မလမ်းမကြီးဖြစ်သည့် အာရှအမြန်လမ်း ၁ သည် ထိုင်းအနောက်မြောက်ပိုင်း မဲဆောက်မှ မြန်မာအရှေ့ပိုင်း မြဝတီထိ ဖောက်လုပ်ထားသည်။ ယင်းဒေသကို မြန်မာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KNU က ထိန်းချုပ်ထားသည်။

KNU နှင့် စစ်ကောင်စီကြား အပစ်ရပ်သည် ယင်း စီးပွားရေး စင်္ကြံ တည်ဆောက်ရေးအတွက် ဖြစ်နိုင်ခြေပဲ ဖြစ်နေသည်။ ၂၀၁၉ ခုနှစ်အတွင်းက ထိုင်း-မြန်မာ ချစ်ကြည်ရေး ဒုတိယမြောက်တံတားကို ဘန်ကောက်၏ ထောက်ပံ့မှုဖြင့် တည်ဆောက်ကာ ကုန်တင်ယာဉ်များအတွက် ဖွင့်လှစ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် အဓိက လမ်းများပေါ်က တံတားများအား အစားထိုးပြင်ဆင်ရန် ဂျပန်အစိုးရက မြန်မာနိုင်ငံအား ကူညီလျက် ရှိသည်။

သို့ရာတွင် ၂၀၂၁ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေများက ပြောင်းလဲသွားသည်။ လက်ရှိ အကျဉ်းချခံထားရသော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သစ္စာခံသည် NLD ပါတီမှ အမတ်များကို KNU က ခိုလှုံရာ ပေးခဲ့သည်။ လူငယ်ဆန္ဒပြသူများကို စစ်သင်တန်းပေးပြီး စစ်တပ်က အလိုရှိသော နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများကို ထိုင်းနိုင်ငံသို့ ထွက်ပြေးနိုင်ရန် ကူညီပေးရာ၌ အဓိကအခန်းကဏ္ဍ၌ ပါဝင်နေသည်။

မတ်နှောင်းပိုင်းနှင့် ဧပြီလလယ်အထိ နယ်စပ်တစ်လျှောက် တိုက်ပွဲများ ဖြစ်ပွားသည်။ KNU တွင် တစိတ်တပိုင်း ပါဝင်သော လူငယ်များဖြင့် ဖွဲ့စည်းသော လက်နက်ကိုင်အဖွဲ့များဖြစ်သည့် Lion Battalion နှင့် Cobra Column တို့က ကာစီနိုများ၊ အကောက်ခွန်ရုံးများနှင့် အခြားသော အစိုးရဌာနများကို တိုက်ခိုက်မှုများ ဆင်နွှဲသည်။

စစ်တပ်၏ လေကြောင်းစီးနင်းတိုက်ခိုက်မှုများ၌ အဆိုပါ အဖွဲ့များ ဆုံးရှုံးမှု ကြီးမားပြီး တပ်ဆုတ်ရသည်။ ဝရုန်းသုန်းကြားအခြေအနေကြား ဒေသခံ ၁၀,၀၀၀ ခန့်က ထို်ငးနိုင်ငံသို့ ထွက်ပြေးကြပြီး အရှေ့-အနောက် စီးပွားရေး စင်္ကြံမှာ ဖွင့်သည်ဆိုရုံသာ ရှိနေသည်။

နိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်သည် နိုင်ငံတကာ သတင်းများက ဖော်ပြသည်ထက် ပို၍ ငြိမ်သက်ကြောင်း ရန်ကုန်ရှိ နိုင်ငံခြား လုပ်ငန်းရှင်အချို့က ပြောသည်။ သို့ရာတွင် ထိုင်းမှ ရန်ကုန်သို့ ကုန်စည်တင်ပို့မှု မှန်သမျှသည် နယ်စပ်တိုက်ပွဲများမှ လွန်မြောက်မှသာ ဖြစ်နိုင်ဖြစ်သည်။

နယ်စပ်ဧရိယာ၌ လက်နက်ကိုင်များ ပြန်လည် မစုဖွဲ့မီနှင့် တိုက်ပွဲများ ပြန်လည်မဖြစ်ပွားမီ အချိန်သည် အရေးကြီးပြီး အရှေ့-အနောက် စီးပွားရေး စင်္ကြံ အပြီးသတ်ရေးအတွက် မဖြေရှင်းနိုင်သေးဘဲ ရှိနေဆဲ ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)

https://asia.nikkei.com/Spotlight/Myanmar-Crisis/Myanmar-clashes-stall-c...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required