လောင်းလုံးတွင် LGBT များ က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

By ကိုရွှေမြိတ် မဲဆောက် (မဇ္ဈိမ)
18 May 2023
လောင်းလုံးတွင် LGBT များ က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊  လောင်းလုံးမြို့နယ်တွင် ယမန်နေ့ မေလ ၁၇ ရက်u ကျရောက်ခဲ့သည့် လိင်တူချစ်သူများ၊ လိင်စိတ်ကွဲပြားသူများအပေါ်  ခွဲခြားဆက်ဆံမှု ဆန့်ကျင်သည့် နိုင်ငံတကာ အထိမ်းအမှတ်နေ့တွင်   LGBTများက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံu သိရ သည်။

လောင်းလုံးမြို့နယ် အတွင်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်) (DDMSC )၏ အဖွဲ့ဝင် အင်အားစု တစ်စု ဖြစ်သည့် LGBT Community က ဦးဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ လိင်စိတ်ခံယူမှု ကွဲပြားသူ‌တွေ အပေါ် ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများအား ဆန့်ကျင်သည့် အနေနှင့်  လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်ဟု ဦးဆောင်သူ တစ်ဦးကပြောသည်။

လောင်းလုံးက LGBT Community အဖွဲ့ဝင် တစ်ဦးက “ဟုတ်ကဲ့ပါ ။ မေ ၁၇ ဆိုတာက လိင်တူ ချစ်သူတွေကို ကြောက်လန့် မုန်းတီးခြင်းအား တိုက်ဖျက်သောနေ့ ဆိုပေမယ့် အခုက ကျွန်တော်တို့က ပျော်ပွဲ ၊ရွှင်ပွဲ အထိမ်းအမှတ် ပွဲတွေ လုပ်မယ့် အစား တော်လှန်ရေး ကာလမှာ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်နိုင်အောင်ဖို့ ဆန္ဒဖော်ထုတ်ခဲ့တာ ဖြစ်တယ်”ဟု ပြော သည်။

အဆိုပါ လှုပ်ရှားမှုတွင် “မတူကွဲပြားမှုကို လက်ခံပြီး ခွန်အားအဖြစ်‌ ပေါင်းစည်းကြ”ဆိုသည့် ဘန်နာကို ကိုင်ဆွဲပြီး ဒေသခံ အမျိုးသမီးများနှင့် လူငယ်များ၏ ပူးပေါင်း ပါဝင်မှုနှင့်  အတူ စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ကြွေးကြော် ချီတက်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly