အာဏာသိမ်းပြီးနောက် ရုရှားနဲ့တရုတ်ထံမှအပါအဝင် စစ်လက်နက်ပစ္စည်း တစ်ဘီလီယံဖိုး စစ်ကောင်စီဝယ်ယူ

အာဏာသိမ်းပြီးနောက် ရုရှားနဲ့တရုတ်ထံမှအပါအဝင် စစ်လက်နက်ပစ္စည်း တစ်ဘီလီယံဖိုး စစ်ကောင်စီဝယ်ယူ

၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာစစ်တပ်ဟာ အတိုက်အခံတွေကို ချေမှုန်းဖို့ ရုရှားနဲ့ တရုတ်အပါအဝင် ပြည်ပနိုင်ငံတွေကနေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံထက်မနည်း တန်ဖိုးရှိတဲ့ လက်နက်နဲ့ ကုန်ကြမ်းပစ္စည်းတွေ ဝယ်ယူတင်သွင်းတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးသံအရာရှိ Tom Andrews က မေလ ၁၇ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်လက်နက်ပစ္စည်းနဲ့ စစ်လက်နက်ကုန်ကြမ်းပစ္စည်း အနည်းဆုံး အမေရိကန်ဒေါ်လာ သန်းတထောင်ဖိုးတင်သွင်းခဲ့ပြီး ဂျက်တိုက်လေယဉ်တွေအပါအဝင် စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေတဲ့ ရုရှားနဲ့တရုတ်ဟာ မြန်မာအတိုက်အခံတွေကို နှိမ်နင်းနေတဲ့ စစ်ကောင်စီကို အကူအညီပေးနေတာဖြစ်တယ်လို့ Tom Andrews က ပြောလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required