"ပန်ဝါမြို့က အိပ်ရာခင်း အမျိုးသမီး အလုပ်သမားများ" (ရုပ်/သံ)

By KMN (မဇ္ဈိမ)
17 May 2023
"ပန်ဝါမြို့က အိပ်ရာခင်း အမျိုးသမီး အလုပ်သမားများ" (ရုပ်/သံ)

ကချင်ပြည်နယ်၊ ပန်ဝါမြို့မှာ ၂၀၁၆ ခုနှစ်ကစပြီး တရုတ်လူမျိုးလုပ်ငန်းရှင်တွေဟာ တရားမဝင် မြေရှားသတ္တု တူးဖော်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေကြပါတယ်။

၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး တရားမဝင် မြေရှားသတ္တု တူးဖော်မှု တစ်ရှိန်ထိုးမြင့်တက်လာပြီး မြန်မာနိုင်ငံတွင်းက အမျိုးသား၊ အမျိုးသမီး အလုပ်သမား ဦးရေ ထောင်ချီဟာ အဲ့ဒီဒေသသွားရောက် လုပ်ကိုင်နေကြပါတယ်။

တရုတ်လူမျိုးလုပ်ငန်းရှင်တွေရဲ့ တရားမဝင် မြေရှားသတ္တု တူးဖော်တဲ့ လုပ်ငန်းတွေမှာ

အမျိုးသမီးအလုပ်သမားများဟာ ထမင်းချက်၊ ရေကြည့်၊အထွေထွေနဲ့ အိပ်ရာခင်း စတဲ့အလုပ်တွေကိုလုပ်ကိုင်နေကြရပါတယ်။

ဒီထဲမှာ တရုတ်လုပ်ငန်းရှင်တွေနဲ့ နေထိုင်ပေးရတဲ့ အိပ်ရာခင်းအမျိုးသမီးလုပ်သား

တွေဟာ တစ်လဝင်ငွေ တရုတ်ယွမ်ငွေ ၅,၀၀၀ မှ ၁၀,၀၀၀ ကြား(ကျပ် ၁၅ သိန်းမှ ကျပ်သိန်း ၃၀ ) အများဆုံးရရှိကြပါတယ်။

တစ်ဖက်မှာလည်း အမျိုးသမီးလုပ်သားတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရမှုတွေရှိနေတယ်လို့ သယံဇာတအရင်းအမြစ်စောင့်ကြည့်တဲ့ Myanmar Resource Watch အဖွဲ့က ဒီလထဲမှာထုတ်ပြန်ထားပါတယ်။

အပြည့်အစုံကို မဇ္ဈိမ ရုပ်သံသတင်းထောက် KMN ကတင်ဆက်ပေးထားပါတယ်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima

#အိပ်ရာခင်းအမျိုးသမီး

#ပန်ဝါမြို့

#မြေရှားသတ္တု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly