တပ်နယ်မြေအတွင်း အသတ်ခံထားရသည့် ကျောင်းသူအတွက် ဘင်္ဂလားဒေ့ရှ်တွင် လူရာပေါင်းများစွာ ဆန္ဒပြ

တပ်နယ်မြေအတွင်း အသတ်ခံထားရသည့် ကျောင်းသူအတွက် ဘင်္ဂလားဒေ့ရှ်တွင် လူရာပေါင်းများစွာ ဆန္ဒပြ

ဒါကာ၊ မတ် ၂၇ ။         ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ စစ်တပ်နယ်မြေအတွင်း ကျောင်းသူလေးတစ်ဦး အသတ်ခံရခြင်းအပေါ် လူရာပေါင်းများစွာက မြို့တော်ဒါကာရှိ အဓိကလမ်းဆုံတစ်ခုကို ပိတ်ဆို့ကာ ဆန္ဒပြကြသည်။

အသက် ၁၉ နှစ်အရွယ် ဆိုဟာဂျီဂျာဟန်အား ကိုမီလာမြို့အတွင်း လုံခြုံရေးမြင့်သည့် စစ်တပ်နယ်မြေတွင် မတ် ၂၀ ရက်က သေဆုံးလျက်သား ရုပ်အလောင်းအား တွေ့ရှိခြင်းဖြစ်သည်။

အလောင်းခွဲစိတ်မှုရလဒ်အား ထုတ်ပြန်ခြင်းမရှိသော်လည်း မုဒိမ်းကျင့်သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ကောလဟလများ ထွက်ပေါ်ပျံ့နှံ့လျက်ရှိသည်။

လူသတ်သမားများကို ရဲများက ရှာဖွေဖော်ထုတ်ပေးရေး ကိုမီလာမြို့နှင့် ဒါကာမြို့တော်အနှံ့တွင် ကျောင်းသားကျောင်းသူများက လူတန်းကြီး များ စီတန်းကာ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

မတ် ၂၅ ရက် ညနေတွင် ရှာဘတ်ချ်လမ်းဆုံတွင် ဆန္ဒပြသူများက စုရုံးကာ ယင်းလမ်းဆုံနေရာအား အချိန်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်း ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အကြမ်းဖက်ရာဇဝတ်မှုများက ဖြစ်တတ်ပေါ်ပေါက်တတ်မြဲဖြစ်သည့် ပြဿနာကြီးတစ်ရပ်ဖြစ်သော်လည်း လုံခြုံရေးစစ်တပ်နယ်မြေအတွင်း ဖြစ်ပွားခဲကြောင်း သတင်းထောက်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly