ရွှေတံဆိပ်နဲ့အတူ ဗီယက်နမ်အမျိုးသမီးအသင်း ကမ္ဘာ့ဖလားအတွက် ယုံကြည်မှုတိုးလာ

ရွှေတံဆိပ်နဲ့အတူ ဗီယက်နမ်အမျိုးသမီးအသင်း ကမ္ဘာ့ဖလားအတွက် ယုံကြည်မှုတိုးလာ
Photo: AFP

ဗီယက်နမ်လက်ရွေးစင်အမျိုးသမီးအသင်းဟာ တနင်္လာနေ့က အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ  မြန်မာအသင်းကို ၂-၀ ဂိုးနဲ့အနိုင်ရရှိကာ ရွှေတံဆိပ်ရယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားအကြို အဓိက တွန်းအားတစ်ရပ်ကို ရယူနိုင်ခဲ့ပါတယ်။

ပွဲချိန် (၇၆)မိနစ်မှာ သီသန်းနာငုယင်က ဒုတိယဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် (၄)ကြိမ်ဆက် ရွှေတံဆိပ်ကို သေချာစေခဲ့ပါတယ်။ ပရိသတ် ၈,၀၀၀ ကျော် ပြည့်နှက်တဲ့ ဖနွမ်းပင်အိုလံပစ်အားကစားကွင်းမှာ ကြည့်ရှုနေကြတဲ့ ဗီယက်နမ်အားပေးသူတွေအတွက် ကြီးမားတဲ့ ပျော်ရွှင်မှုနဲ့ စိတ်လှုပ်ရှားမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာ အဖွင့်ဂိုးသွင်းခဲ့တဲ့ အသင်းခေါင်းဆောင် Huynh Nhu က ဒီနိုင်ပွဲဟာ ဇူလိုင်လမှာ စတင်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် တွန်းအားတစ်ရပ်အဖြစ် လုပ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။

“ကမ္ဘာ့ဖလားလို ပြိုင်ပွဲကြီးတွေမှာ ကစားရတဲ့အခါ ဒီအောင်ပွဲက ကျနော်တို့ကို ပိုပြီး ယုံကြည်မှုရှိလာစေတယ်”လို့ ပေါ်တူဂီအခြေစိုက် တိုက်စစ်မှူးက ပြောပါတယ်။

"ဒါက ပရိသတ်တွေရဲ့ ယုံကြည်မှုကိုလည်း တိုးစေတယ်။"

နည်းပြ မိုင်းဒပ်ခွန်က ဒေသတွင်း နိုင်ပွဲဟာ သြစတြေးလျနှင့် နယူးဇီလန်မှာ ကျင်းပမယ့် ပြိုင်ပွဲအတွက် "ကြိုတင်ပြင်ဆင်တဲ့ ခြေလှမ်းဖြစ်ခဲ့တယ်"ဆိုတာကို သဘောတူညီခဲ့ပါတယ်။

ကမ္ဘာ့အဆင့် (၃၃) ဗီယက်နမ်အသင်းဟာ ဖိလစ်ပိုင်အသင်းနဲ့အတူ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ခဲ့တဲ့ အရှေ့တောင်အာရှအသင်းနှစ်သင်းအနက်မှ တစ်သင်းပါ။

Golden Stars တွေဟာ ဇူလိုင် ၂၂ ရက်မှာ သူတို့ရဲ့ ပထမဆုံးအုပ်စုပွဲအဖြစ် စပိန်၊ ပေါ်တူဂီတို့နဲ့ မတွေ့ဆုံခင် လက်ရှိချန်ပီယံ အမေရိကန်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

ဗီယက်နမ်အသင်းက Huynh ရဲ့ ပိတ်သွင်းဂိုးနဲ့  ပထမပိုင်းကို ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာ မြန်မာအမျိုးသမီးအသင်းက တန်ပြန်တိုက်စစ်တွေ အများအပြားပြုလုပ်ခဲ့ပေမယ့်လည်း အဆုံးအသတ်တွေမှာ အထိရောက်မှုကို မတွေ့ခဲ့ရဘဲ လူစားမလဲခင် ငုယင်ရဲ့ ဂိုးက ပွဲကို အဆုံးသတ်အဖြေဖြစ်စေခဲ့ပါတယ်။

တနင်္လာနေ့အစောပိုင်းက ကစားခဲ့တဲ့ ကြေးတံဆိပ်အတွက် ပွဲစဉ်မှာ ထိုင်းက အိမ်ရှင်ကမ္ဘောဒီးယားကို ၆-ဝ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required