မုန်တိုင်းကြောင့် မိုးကြီးပြီးလေပြင်းတိုက်၍ ဆားလင်းကြီးမြို့နယ်မှ စစ်ရှောင်များအခက်ကြုံ

By ၀၀၈ (မဇ္ဈိမ)
15 May 2023
မုန်တိုင်းကြောင့် မိုးကြီးပြီးလေပြင်းတိုက်၍ ဆားလင်းကြီးမြို့နယ်မှ စစ်ရှောင်များအခက်ကြုံ

ဆိုင်ကလုန်းမုန်တိုင်း“မိုခါ”ကြောင့် မိုးကြီးပြီးလေပြင်းများတိုက်၍ ဆားလင်းကြီးမြို့နယ်အတွင်း မှစစ်ဘေးရှောင်များ စားဝတ်နေရေး အခက်ကြုံနေရကြောင်း ဒေသခံတစ်ဦးမှ သတင်းပေးပို့သည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းမှ မိုးကြိုပြင်၊ ဆည်တည်း၊ ကံကုန်း၊ ဒုံးတောအပါအဝင် ကျေး ရွာရှစ်ရွာခန့်မှ လူဦးရေ ၄၀၀ နီးပါး မိုးဒဏ်၊ လေဒဏ်များကြောင့် ချက်ပြုတ်ရေးနှင့် သွားလာရေး အခက် ကြုံနေရခြင်းဖြစ်သည်။

“မီးရှို့ခံထားရတော့ အတော်များများက ယာယီထန်းလက်တဲတွေ ထိုးနေကြတာ။ လက်ရှိကတော့ ချက်ဖို့ ပြုတ်ဖို့ခက်တာပေါ့။ လောလောဆယ်တော့ မိုးလုံပြီးကျယ်တဲ့တဲတွေမှာ စုချက်ကြတယ်”ဟု ဒေသခံ တစ်ဦးကပြောသည်။

အဆိုပါကျေးရွာများသည် စစ်ကောင်စီတပ်၏ ရွာလုံးကျွတ်နီးပါးမီးရှို့ခြင်းခံထားရသည့် ကျေးရွာအများစု ဖြစ်သည်။ မေလ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် မိုးသည်းထန်စွာရွာသွန်ခဲ့မှုကြောင့် ကျေးများအတွင်း မိုးရေလျှံပြီး လမ်းများပျက်စီးနေခြင်းဖြစ်သည်။

အလားတူ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များရှိသည့် အိမ်ထောင်စုများတွင် အရေးပေါ်အကူအညီ များလိုအပ်လျှက်ရှိပြီး လက်ရှိတွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ကူညီထောက်ပံ့ပေးနေကြောင်း သိရသည်။

ဓါတ်ပုံ - အညာပစ်တိုင်းထောင်လေးများအဖွဲ့

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#မုန်တိုင်း

#စားဝတ်နေရေး

#ဆားလင်းကြီး

#စစ်ရှောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly