ပြည်တွင်းဆန်စားသုံးမှုကို တိုင်းတာမည်

ပြည်တွင်းဆန်စားသုံးမှုကို တိုင်းတာမည်

ပြည်တွင်းဆန်စားသုံးမှုကို ယခုနှစ်အတွင်း တိုင်းတာဆန်းစစ်သွားရန် ပြင်ဆင်လျက်ရှိနေကြောင်း မြန်မာဆန်လုပ်ငန်းရှင် MRF က မတ် ၂၆ ရက်တွင် ထုတ်ပြန်သည်။

နှစ် ၂၀ ကြာအတွင်း မြန်မာနိုင်ငံတွင် ပြည်တွင်းဆန်စားသုံးမှုနှင့် ပတ်သက်ပြီး အမှန်အချက်အလက်များ တိုင်းတာဆန်းစစ်ထားခြင်း မရှိပေ။ ဆန်စပါးဈေးကွက်ဖွံ့ဖြိုးရေးဖော်ဆောင်နိုင်ရန် မူဝါဒချမှတ်သူများ၊ အဓိကပုဂ္ဂိုလ်များ၊ ရင်းနှီးမြုပ်နှံသူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအတွက် ပြည်တွင်းဆန်စားသုံးမှုသည် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။

MRF က မြန်မာဆန်စပါးကုန်သည်များအသင်းနှင့် ရေဆင်းတက္ကသိုလ်တို့နှင့် ပူးပေါင်းကာ ပြည်တွင်းဆန်စားသုံးမှုအား တိုင်းတာစစ်ဆေးသွားမည်ဖြစ်သည်။

တိုင်းတာမှုကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုမှ အိမ်ထောင်စုပေါင်း ၄၀၀၀ ကျော်တွင် ပစ်မှတ်ထား စစ်ဆေးသွားမည်ဖြစ်သည်။

ထိုသို့ တိုင်းတာရာတွင် အိမ်တစ်အိမ်ချင်းစီ၏ ဆန်စားသုံးမှုပမာဏ၊ အိမ်ထောင်စုတို့၏ နေ့စဉ်ဝင်ငွေနှင့် ၎င်းတို့စားကြသည့် ဆန်အမျိုးအစားစသည်တို့ပေါ်တွင် ဆန်းစစ်တိုင်းတာသွားမည်ဖြစ်သည်။

ဆန်စပါးသည် မြန်မာနိုင်ငံအတွက် အဓိကစားသောက်ကုန်ဖြစ်သကဲ့သို့ နိုင်ငံ၏ အဓိကပို့ကုန်တစ်ရပ်လည်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံ၏ ပြည်ပဆန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၄၃၃ ဒသမ ၈၂ ဒေါ်လာအထိ ရောက်ရှိခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်နှောင်းပိုင်းနှင့် သြဂုတ်အစောပိုင်းတို့တွင် ဆိုင်ကလုန်းကိုမန်ကြောင့် ရေကြီးမှုများဖြစ်ရာ သုံးနှစ်အတွင်း နိုင်ငံ၏ ဆန်ထွက်ရှိမှုသည် နှစ်စဉ်အားဖြင့် ၂ ရာခိုင်နှုန်း ကျဆင်းကြောင်း ကုလသမဂ္ဂထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly