“မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေမြို့မှ ပျက်စီးမှု မြင်ကွင်းများ

“မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေမြို့မှ ပျက်စီးမှု မြင်ကွင်းများ

အလွန့်အလွန်အားကောင်းသည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားသော ရခိုင်ပြည်နယ်၊ စစ်တွေမြို့က မြင်ကွင်းအချို့ ဖြစ်သည်။

အဆိုပါ မုန်တိုင်းကြောင့် စစ်တွေအဝေးပြေးကားဂိတ်အနီးရှိ “စစ်တွေမြို့မှ ကြိုဆိုပါ၏” မြို့အဝင် ဆိုင်းဘုတ်လည်း ပျက်စီးသွားသကဲ့သို့ ဈေးဆိုင်ခန်းများလည်း အမိုးလန် ပျက်စီးနေသည်ကို တွေ့ရသည်။

“မိုခါ” ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်နေသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပင်မဆက်သွယ်ရေး တာဝါတိုင် ကျိုးကျပြီးနောက် လက်ရှိမှာ ဆက်သွယ်ရေး ဖုန်းလိုင်းများ အားလုံးပြတ်တောက်နေပြီး ဆက်သွယ်မှု ဧရိယာပြင်ပ ဖြစ်နေသည်။

အင်အားကြီးမားသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ယနေ့ မေလ ၁၄ ရက် နံနက် ၁၁ နာရီခွဲ အချိန်တွင် လေတိုက်နှုန်းလတစ်နာရီလျှင် မိုင် ၁၃၀ နှုန်းဖြင့် ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နေကြောင်း NUG ၏ မိုးဇလ ဌာနက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- CJ

#စစ်တွေ

#မိုခါ

#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly