Breaking News မိုခါမုန်တိုင်းသက်ရောက်မှုဒဏ် ခံရမည့်ချင်းပြည်နယ်ဒေသများတွင် ပြင်ဆင်ရန် အချိန် နေ့ဝက်ခန့် ရနေသေးကြောင်း သတိပေးချက်

Breaking News မိုခါမုန်တိုင်းသက်ရောက်မှုဒဏ် ခံရမည့်ချင်းပြည်နယ်ဒေသများတွင် ပြင်ဆင်ရန် အချိန် နေ့ဝက်ခန့် ရနေသေးကြောင်း သတိပေးချက်

မိုခါမုန်တိုင်းသည် ချင်းပြည်နယ် မင်းတပ်သို့ ယနေ့ည ၈နာရီမှ ၉ နာရီ၊ ဟားခါးသို့ ယနေ့ည သန်းခေါင်ချိန် ရောက်ရှိနိုင်သည်။

အဆိုပါ ဒေသများသို့ ရောက်ရှိချိန်တွင် မုန်တိုင်းပြင်းအားလျော့ကျနေမည်ဖြစ်သော်လည်း မိုးသည်းထန်မှုနှင့် လေပြင်းကြောင့် ထိခိုက်မှုများရှိနိုင်၍ ကြိုတင်ပြင်ဆင်ရန် လိုအပ်သည်။ ခန်မှန်းလေတိုက်နှုန်းမှာ တနာရီ မိုင် ၅၀ မှ ၁၀၀ ထိဖြစ်သည်။

ကြိုတင်ပြင်ဆင်ရန် အချိန် နေ့ဝက်ခန့်ရနေသေးကြောင်း မုန်တိုင်းလမ်းကြောင်း စောင့်ကြည့်နေသည့် ပညာရှင်က သတိပေးသည်။

အချိန်မီ ခိုင်ခန်သည့် အဆောက်အအုံများသို့ ရွေ့ပြောင်းရန်၊ ရေနှင့်စားစရာများ စုဆောင်းရန် အထူးလိုအပ်သည်။ မိုးရွာသွန်းမှုကြောင့် မြေပြိုနိုင်သည့် အန္တရာယ်ကိုလည်း သတိပြုရမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly