ပြင်ဦးလွင်အနီးစခန်းတွင် သစ်ပင်လဲကျပြီး ပိမိသူသေဆုံး

By 007 (မဇ္စျိမ)
14 May 2023
ပြင်ဦးလွင်အနီးစခန်းတွင် သစ်ပင်လဲကျပြီး ပိမိသူသေဆုံး

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ အနီးစခန်းရဲကင်းရှေ့တွင် ယနေ့ မေလ ၁၄ ရက် နံနက် ၇ နာရီခွဲခန့်က သစ်ပင်လဲပြိုကျကာ အမျိုးသားတစ်ဦးပိမိပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“မိုးရွာတယ် လေကတစ်ချက်တစ်ချက် ခပ်ပြင်းပြင်းတိုက်တယ်၊ အဲဒီမှာ သစ်ပင်လဲကျချိန်နဲ့ လူကလည်း ဖြတ် အသွားနဲ့ တိုက်ဆိုင်ပြီး သစ်ပင် ပိမိတာပါ၊ ညောင်ပင်အဆွေးကြီးဆိုတော့ အောက်ကမြေသားအိကျပြီး လဲကျတာ ဖြစ်နိုင်တယ်” ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သေဆုံးသူ၏ရုပ်အလောင်းအား ပြင်ဦးလွင်အခမဲ့နာရေးကူညီမှုအသင်းက ပြင်ဦးလွင်ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော အားအလွန်ကောင်းသည့် မိုချာမုန်တိုင်း၏အရှိန်ကြောင့် မန္တလေး တိုင်းအတွင်း၌ ယမန်နေ့နံနက်ပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခိုက်ခြင်းများလည်း နေရာကွက်ကျား ဖြစ်ပေါ်လျှက်ရှိသည်။

လက်ရှိအချိန်နွင် မန္တလေးမြို့နှင့် အနီး၀န်းကျင်ရှိ မြို့နယ်များ၌ မိုးအုံံ့ခြင်း၊ နေပူ၍ လေပြင်းတိုက်ခိုက်ခြင်းများ ဖြစ် ပေါ်လျှက်ရှိသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးတိုင်း

#ပြင်ဦးလွင်မြို့နယ်

#သစ်ပင်လဲပြိုကျ

#သေမှုသေခင်း

Photo ပြင်ဦးလွင်နာရေးကူညီမှုအသင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly