Breaking News မိုခါမုန်တိုင်းသက်ရောက်မှုဒဏ် ခံရမည့်ဒေသများထဲတွင် ချင်း၊ စစ်ကိုင်းမြောက်ပိုင်းနှင့် နာဂဒေသများ ပါဝင်မည်ဖြစ်၍ ကြိုတင်ပြင်တင်ရန်လိုအပ်

Breaking News မိုခါမုန်တိုင်းသက်ရောက်မှုဒဏ် ခံရမည့်ဒေသများထဲတွင် ချင်း၊ စစ်ကိုင်းမြောက်ပိုင်းနှင့် နာဂဒေသများ ပါဝင်မည်ဖြစ်၍ ကြိုတင်ပြင်တင်ရန်လိုအပ်

နောက်ဆုံးထွက်ပေါ်လာသောမုန်တိုင်းလမ်းကြောင်းမြေပုံများအရ နာဂဒေသတွင်လည်း တစ်နာရီလျှင် ၅၀ မှ ၆၀ မိုင်ဝန်းကျင်ထိ လေပြင်းတိုက်ခတ်နိုင်သည်။ နာဂဒေသသို့ မနက်ဖန် မနက် ၁ နာရီခန့်တွင် ဖြတ်သန်းနိုင်သည်။

ရခိုင်ကမ်းရိုးတန်းသို့ ယနေ့နေ့လယ် ၁၂ နာရီခန့်တွင်ရောက်ရှိမည့် မုန်တိုင်းသည် အမြင့်ဆုံးလေတိုက်ခတ်မှု တနာရီ ၁၆၇ မိုင်ထိရှိနိုင်သည်။ ချင်းပြည်နယ် မင်းတပ်သို့ ယနေ့ည ၈နာရီမှ ၉ နာရီ၊ ဟားခါးသို့ ယနေ့ည သန်းခေါင်ချိန် ရောက်ရှိနိုင်သည်။ ချင်းနှင့်စစ်ကိုင်း ဒေသများတွင် မုန်တိုင်းပြင်းအားလျော့ကျနေမည်ဖြစ်သော်လည်း မိုးသည်းထန်မှုနှင့် လေပြင်းကြောင့် ထိခိုက်မှုများရှိနိုင်၍ ကြိုတင်ပြင်ဆင်ရန် လိုအပ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly