ကနီတွင် မုန်တိုင်းမိုးရွာသွန်းနေစဉ် စစ်ကောင်စီတပ်ကစစ်ကြောင်ထိုးသဖြင့် ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေး နေရ

By KMN (မဇ္ဈိမ)
14 May 2023
ကနီတွင် မုန်တိုင်းမိုးရွာသွန်းနေစဉ် စစ်ကောင်စီတပ်ကစစ်ကြောင်ထိုးသဖြင့် ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေး နေရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်း နေစဉ် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းမှကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသဖြင့် ဒေသခံ များထွက်ပြေးနေရကြောင်း မြို့ခံများက ပြောသည်။

“မုန်တိုင်းကြောင့် မိုးသည်းနေတာ နှစ်ရက်ရှိပြီ။ စစ်ကြောင်းထိုးနေလို့ ဒေသခံတွေ မိုးထဲလေထဲထွက်ပြေးနေရ တယ်။ စစ်ဘေးရှောင် ပြည်သူ ထပ်မံတိုးလာနိုင်တဲ့အနေအထားရှိတယ်” ဟု ကနီမြို့ခံ ဦးပြည့်အောင်နိုင်က ပြော သည်။

ကနီမြို့အောက်ဘက် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းမှ ကျေးရွာများအား စစ်ကောင်စီတပ်များက စစ်ကြောင်း ထိုးနေမှုကြောင့် ကျေးရွာအုပ်စုငါးစုမှ ဒေသခံ ၁၃,၁၅၂ ဦးခန့်သည် ဘေးလွတ်ရာသို့ မိုးထဲရေထဲတွင် ထွက်ပြေး တိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်းသိရသည်။

ကနီမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီ ၂၁ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ခန့်က မိုးသက်လေပြင်းကျ‌ရောက်မှုကြောင့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ကျေးရွာရှစ်ရွာမှ နေအိမ် ၂ဝဝ ခန့် အမိုးအကာများပျက်စီးခဲ့ကြောင်းလည်း သိရသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA)၏ မေလ ၆ ရက်နေ့ ထုတ်ပြန်ချက် အရ လက်နက်ကိုင်တိုက်ပွဲများကြောင့် စစ်ကိုင်းတိုင်းတွင် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၇၅၀,၀၀၀ နီးပါးရှိနေ သည်။

Photo - Pyae Aung Naing Kani

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း

#ကနီမြို့

#မုန်တိုင်းမိုး

#စစ်ကြောင်းထိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly