Sudan နိုင်ငံအရေးအခင်းနဲ့ Bitcoinစိန်ခေါ်မှု

Sudan နိုင်ငံအရေးအခင်းနဲ့ Bitcoinစိန်ခေါ်မှု

(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)

https://www.facebook.com/bitcoin.MM.initiatve

 

မြန်မာနိုင်ငံလိုပဲ ကိုလိုနီလက်အောက်ခံနိုင်ငံဖြစ်ခဲ့ဖူးတဲ့ ဆူဒန်နိုင်ငံဟာ လွတ်လပ်ရေးရပြီးတော့ အာဏာသိမ်းတာအကြိမ်ကြိမ်ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်ကလည်း မြန်မာနိုင်ငံနဲ့ရှေ့ဆက်နောက်ဆက် အာဏာအသိမ်းခံခဲ့ရပါတယ်။

 

ဆူဒန်နိုင်ငံဟာ ၁၉၅၆ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့ပြီး နောက်ပိုင်း မြန်မာနိုင်ငံလိုပဲ မကြာခဏ အာဏာသိမ်းခံရတာတွေ ဖြစ်ခဲ့ပါတယ်။ 

 

ဆူဒန်မြို့တော် ခါတွမ်မှာ အစိုးရစစ်တပ်နဲ့ အစိုးရဆန့်ကျင်တဲ့ တပ်တွေ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တခြားနိုင်ငံတွေကလည်း ဆူဒန်မှာရှိတဲ့ သူတို့နိုင်ငံသားတွေကို ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ပါတယ်။

 

ဆူဒန်စစ်တပ်နဲ့ Rapid Support Forces (RSF) တို့ရဲ့ ဆော်ဒီအာရေဗျနိုင်ငံ ဂျဒ်ဒါမြို့မှာ တစ်ပတ်ကျော်ကြာ တွေ့ဆုံ ဆွေးနွေးပွဲလုပ်ပြီး မြေပြင်မှာရှိတဲ့ လူသားချင်းစာနာမှုတွေကို ဆောင်ရွက်ဖို့ မေလ ၁၁ ရက်နေ့က သဘောတူခဲ့ပါတယ်။ တစ်ခု ရှိတာက ဒီ သဘောတူချက်ဟာ အပစ်အခက်ရပ်ဖို့ မဟုတ်ဘဲ မြေပြင်မှာရှိတဲ့ ဆူဒန် ပြည်သူတွေကို ကာကွယ်ဖို့ အတွက် သဘောတူညီချက်ပဲ ဖြစ်ပါတယ်။

 

ဆူဒန်နိုင်ငံမြို့တော် ခါတွန်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး မြို့တွင်းမှာ လူတွေ သန်းနဲ့ချီပြီး ပိတ်မိနေဆဲဖြစ်ပြီး အစားအစာလည်း မလုံမလောက် ဖြစ်လာပြီ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ခိုက်မှုတွေ အပြီးမှာ လက်ရှိအချိန်အထိ လူ ၆၀ဝ ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိမှုတွေက ၅၀၀၀ ကျော် ဝန်းကျင်ရှိတယ်လို့  သတင်းပေးပို့မှုတွေ ရှိနေပြီး တကယ်တမ်း လူသေနှုန်းက အဲဒီထက် များနိုင်တယ်လို့ ဆိုပါတယ်။

 

ဆူဒန်စစ်တပ် ဗိုလ်ချုပ် အဘဒယ် ဖာတာ အယ်လ်ဘာဟန်နဲ့ အမြန်ထောက်ကူတပ် ဗိုလ်ချုပ် မာဟာမက် ဟမ်ဒမ် ဒဂယ်လို တို့ အာဏာလုကြရာက အခုလို ဖြစ်တယ်လို့ ဆိုပြီး RSF ကို စစ်တပ်အောက်ထဲ ထည့်သင့် မထည့်သင့် ဆွေးနွေးမှု မပြေလည်တဲ့အတွက် အခုလို ဖြစ်ကြတာလို့ ဆိုပါတယ်။ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေထပ်ရှိနေတယ်လို့ လည်းဆိုပါတယ်။

 

 ဒီလို နိုင်ငံရေး ပဋီက္ခတွေရဲ့တစ်ဖက်မှာလည်း ဆူဒန်ဗဟိုဘဏ် (CBOS) ဟာ နိုင်ငံရဲ့ စီးပွားရေး အခြေအနေဟာ ဆက်တိုက် ဆိုးရွားလာနေတာ ကြောင့်ရော၊ နိုင်ငံ့ ငွေကြေးဖောင်းဖွမှုကလည်းပြီးခဲ့တဲ့ ၂၀၂၁ ကတည်းက ယခုအထိ ၃၆၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတာကြောင်းရော စျေးနှုန်းအတက်အကျများတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ Cryptocurrency တွေကို ပြည်သူတွေအနေနဲ့ မသုံးကြဖို့ သတိပေးထားပါတယ်။ ယခု တိုက်ပွဲကာလအတွင်းမှာတော့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဆူဒန်ဗဟိုဘဏ် မီးလောင်နေမှုကို ဆူဒန်လူမှုကွန်ရက်တွေမှာ ခေတ်စားသွားခဲ့ပါတယ်။

 

စစ်ဘေးကြောင့် အိုးအိမ် ပိုင်ဆိုင်မှုတွေကို စွန့်ခွါထွက်ပြေးရတဲ့ ပြည်သူတွေအနေနဲ့ Bitcoin နဲ့ တခြားသော Digital Currency တွေကို အသုံးပြုပြီး မိမိရဲ့ ပိုင်ဆိုင်မှုတွေကို အလွယ်တကူ ပြောင်းလဲပြီး လွတ်မြောက်ရာဒေသကို ရောက်ရှိသွားကြောင်း သတင်းတွေမှာ ကြားသိရခြင်း မရှိသေးပါဘူး။ ယူကရိန်း၊ အာဖဂန်နစ္စတန် နဲ့ မြန်မာနိုင်ငံရဲ့ တိုက်ပွဲတွေကြားကနေ ဒီလို နည်းပညာကို အသုံးပြုပြီး လွတ်မြောက်သွားသူတွေ ရှိပါတယ်။ 

 

ကိုးကား

 

1. ဆူဒန်မှာ ဘယ်လို အရေးအခင်းတွေ ဖြစ်နေတာလဲ (BBC Burmese)

2. Sudan's Central Bank Warns Against Using Crypto as Economy Suffers (www.coindesk.com)

3. Sudan and Cryptocurrency(freemanlaw.com)

4. Sudan crisis: Air strikes hit Khartoum despite truce

 

(ယခု Bitcoin Myanmar Initiative မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)

Telegram တွင် စောင့်ဖတ်ရန် → https://t.me/BitcoinMyanmarEDU

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags